မိန်းကလေးတွေရဲ့ ရင်သားကိုမှ ကိုင်ပြီး စစ်ဆေးတဲ့ လုံခြုံရေး

ရှန်ဇူးပြည်နယ်မှာရှိတဲ့ ဘတ်စ်ကားဘူတာရုံက လုံခြုံရေး တစ်ဦးကတော့ အမျိုးသမီးတွေကို စစ်ဆေးတဲ့ အခါမှာ သာမာန်စစ်ဆေးမှု့ထက်ပိုတဲ့ နေရာတွေကိုပါ နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာနေပါတယ်ဆိုပြီးတော့ တရုတ်သတင်းများမှာ ဓာတ်ပုံတွေ ဗီဒီယိုတွေနှင့် တက်လာခဲ့ပါတယ်။

ဒါပေမယ့် သူကလူလည်ပါ။ ယောက်ကျားလေးတွေကိုတော့ ထွေထွေထူးထူး စစ်ဆေးမနေဘဲနှင့် ၀င်ခွင့်ပြုခဲ့ပါတယ်တဲ့။အမျိုးသမီး ခရီးသည်တွေကိုတော့ သူတို့ရဲ့ ရင်သားတွေကို မေးခွန်းထုတ်စရာဖြစ်လာအောင် ကိုင်တွယ်စစ်ဆေးတာကိုတော့ အားလုံးက ၀ိုင်းပြီး ရှုံ့ချခဲ့ကြပါတယ်။

Shanghaiist ရဲ့ ဖော်ပြချက်မှာတော့ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အမျိုးသမီးခရီးသည်တစ်ယောက်ဟာ ထိုကဲ့သို့ ပြုလုပ်မှု့အပေါ်ကို တုန့်ပြန်မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ဒီလို မေးခွန်းထုတ်မှု့ဟာ အကျိုးသက်ရောက်ခဲ့ပါတယ်။ ဒီသတင်းကိုကြားသိခဲ့တဲ့ ရဲဌာနကတော့ စုံစမ်းစစ်ဆေးမှု့တွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဆေးနေတဲ့ ကာလအတွင်းမှာတော့ ၎င်းလုံခြုံရေး ၀န်ထမ်းကို အလုပ်မှခေတ္တထုတ်ပယ်ထားကြောင်းလည်း ကြေညာထားခဲ့ပါတယ်။တကယ်လို့များ တာဝန်အရ စစ်ဆေးရပါတယ်ဆိုရင်တောင်မှ ခရီးသည် ယောက်ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် ကို အကန့်အသတ်ဖြင့် စစ်ဆေးသင့်တယ်လို့ ပြည်သူတွေက ဝေဖန်ထားကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*