ဒီလိုအလှမျိုးနှစ်တစ်ထောင်မှာမှ တစ်ယောက်သာလှတယ်ဆိုတဲ့ အထိချီးမွမ်းခံထားရတဲ့ လေယာဉ်မယ်လေး

အာရှမှာ အမျိုးသမီးများစွာ အလှအပဆိုင်ရာနှင့် ပတ်သက်ပြီးတော့ နာမည်ကြီးနေကြတာကို ယခုရက်ပိုင်းမှာ ကြားနေရပါတယ်။မလေးရှားက ခမ်းနားတဲ့ အလှနှင့် ရဲမေ၊ ထိုင်ဝမ်က ခပ်မိုက်မိုက် နာစ့်မ၊ ဂျပန်က အလှဆုံး တက္ကစီဒရိုင်ဘာမလေး ၊ ဖီလစ်ပိုင်က အလှဘုရင်မ၊ နှင့် ထိုင်းနိုင်ငံက ဆိုဒ်ကြီးကြီး မော်ဒလ် အစရှိတာတွေကို ကြုံဖူးခဲ့ကြပါပြီ။အခုတစ်ခေါက်နာမည်ကြီးလာပြန်တဲ့ မိန်းကလေးကတော့ သူမရဲ့ ဘဝအချိန်တော်တော်များများကို လေထဲမှာ ကုန်ဆုံးခဲ့တဲ့ လှရက်နိုင်လွန်းသူလေးတစ်ယောက်ဘဲဖြစ်ပါတယ်။

အခုလောက်ညွှန်းနေပြီဆိုတော့ သူမရဲ့ နာမည်ကို သိချင်နေကြမှာ အမှန်ပါဘဲ။ သူမရဲ့နာမည်ကတော့ Rita Kao ဖြစ်ပြီးတော့ ထိုင်ဝမ်နိုင်ငံရဲ့ လက်ဆောင် အလှနတ်ဘုရားမလေးဘဲဖြစ်ပါတယ်။ညှို့ငင်ဖမ်းစားနိုင်တဲ့ အပြုံး၊ သွယ်လျတဲ့ ခန္ဓာကိုယ် တို့ကြောင့် သူမသွားလေရာတစ်လျှောက်မှာ နှလုံးသားတွေ မှန်သမျှ တဖျက်ဖျက်နှင့် လွင့်ကျန်နေခဲ့ပါတယ်။

သူမရဲ့ အလုပ်အကိုင်ကတော့ လေကြောင်းလိုင်းတစ်ခုက လေယာဉ်မယ်လေးဖြစ်ပြီး သူမရဲ့ အွန်လိုင်း ပရိသတ်တွေ ကတော့ သူမကို နှစ်တစ်ထောင်မှာမှ တစ်ယောက်သာပါတဲ့ အလှမျိုး ဆိုပြီးတော့ ချီးမွမ်း ထားကြ ပါတယ်။နောက်ထပ်ပြောပြချင်တာကတော့ အခုစာဖတ်နေတဲ့ ကိုကို တွေအတွက် သတင်းကောင်းပါဘဲ။နှစ်တစ်ထောင်မှ တစ်ခါပေါ်တဲ့ ဒီနတ်သမီးလေးမှာ ချစ်သူရည်းစားမရှိသေးပါဘူးတဲ့။

သူမဟာ ခရီးသွားခြင်းကို ကြိုက်နှစ်သက်ပြီးတော့ အလုပ်အကိုင်ကလည်း ၎င်းနှင့် ဆက်စပ်နေတာကြောင့် အရမ်းပျော်ပါ တယ်လို့ပြောပါတယ်။တခါတရံ သူမကို ဟောင်ကောင်မှာတွေ့ရသလို တခါတရံကျတော့လည်း ထိုင်းနိုင်ငံက ကမ်းခြေ တွေမှာတွေ့ရတက်ပါတယ်။

အခုလက်ရှိမှာတော့ သူမဟာ ဂျပန်ပြည်ကိုရောက်နေပြီတော့ ဂျပန်မှာရှိတဲ့ သူမကိုချစ်တဲ့ သူမပရိသတ်တွေကတော့ အပြင်မှာတွေ့လိုက်ရတဲ့ အတွက်ကြောင့် အရမ်းကို ပျော်ရွှင်ကျေနပ်နေကြတယ်လို့ သိရပါတယ်။ကဲ ဒီလောက်တောင် ညွှန်းနေပြီးမှ သူမရဲ့ fb အကောင့်လေးကို အလင်းမပြနိုင်ဘူးဆိုရင်တော့ op အလွန်ဖြစ်တော့မှာပေါ့ ။

Be the first to comment

Leave a Reply

Your email address will not be published.


*