သားဖြစ်သူလို ပါးချိုင့်ပါဖို့အတွက် ပေါင်(၁၃၀၀)အကုန်အကျခံ ခွဲစိတ် ခဲ့တဲ့မိခင်

AJ Weir လို့အမည်ရတဲ့ အသက် 44 နှစ်အရွယ် အမျိုးသမီးဟာ ခွဲစိတ် မှုမြောက်များစွာအတွက် ငွေကုန်ကြေးကျခံပြီး အလှတွေ ပြင်ခဲ့ပေမယ့် တင်းတိမ်ရောင်ရဲ့မှု မရှိခဲ့ပါဘူး။ သူမရဲ့ ကလေးဘ၀ အိပ်မက်ဟာ ပါးပေါ်မှာ ပါးချိုင့်ကလေး ပါလိုတယ်လို့ ဆိုပါတယ်။ သူမဟာ ပါးချိုင့်ပါတဲ့ သူတွေကိုလည်း သဘောကျပါတယ်တဲ့။

ပါးချိုင့်ပါတဲ့သူတွေကိုတွေ့ရင် အဲဒီပါးချိုင့်လေးကို လက်နဲ့ကိုင်ချင်ကြောင်း၊ ပါးချိုင့်လေးတွေဟာ တစ်မျိုးချစ်ဖို့ကောင်းကြောင်း ပြောခဲ့ပါတယ်။ Lincolnshire မှာ နေထိုင်တဲ့ AJ ဟာ ဒီမတိုင်ခင်မှာ ရင်သားအရွယ်အစား 28 AAA cup မှ 32 D cup အရွယ်အစားရဖို့ ခွဲစိတ်မှု ခံယူခဲ့ပါသေးတယ်။သူမရဲ့အသက် 11 နှစ်အရွယ် သားငယ် Morgan မှာတော့ ပါးချိုင့်တစ်ခုသာ ပါပါတယ်။ ဒါပေမယ့် AJ ကတော့ ပါးနှစ်ဖက်စလုံးမှာ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကို ပိုင်ဆိုင်ချင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမနဲ့ ရင်းနီးတဲ့ ဒေါက်တာ Aslam နဲ့တိုင်ပင်ပြီး ခွဲစိတ်မှု ခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စက်တင်ဘာလ 20 ရက်နေ့မှာမှာတော့ AJ ဟာ Harley လမ်းမှာရှိတဲ့ Linia surgery ခွဲစိတ်ဆေးခန်းမှာ တစ်နာရီခွဲကြာတဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။ ပါးအတွင်းက အသားစတွေကို ချိုင့်ဖြစ်အောင့် လှီးထုတ်ပြီး ပါးချိုင့်ဖြစ်အောင် ဖန်တီးတဲ့နည်းပါ။ ခွဲစိတ်မှုသာ အောင်မြင်ရင်တော့ သစ်ငုပ်ထိုးမိတဲ့ အပေါက်ကြီးလို ကျန်နေခဲ့မယ်လို့လည်း ဆရာဝန်က သတိပေးခဲ့ပါသေးတယ်။

တကယ်လည်း AJ ဟာ ခွဲစိတ်ထားတဲ့ ဒဏ်ရာက ယောင်ကိုင်းလာခဲ့ပြီး အစားကောင်းကောင်း မစားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပါးပြင်မှာ အသားစဆွဲထုတ်ခဲ့တဲ့နေရာဟာ သစ်ငုပ်ထိုးရာကြီးလို့ အရုပ်ဆိုးတဲ့ အပေါက်ကြီးဖြစ်နေပြီး Cipmonk ရှဉ့်တစ်ကောင်နဲ့ ပိုတူနေခဲ့ပါတယ်။ လူတွေကလည်း သူမရဲ့ ပါးနှစ်ဘက်က အရုပ်ဆိုးလှတဲ့ အပေါက်နှစ်ခုကို ကြည့်ပြီး ထူးဆန်းတဲ့ လက္ခဏာတွေ ပြခဲ့ကြပါတယ်။

ဒါပေမယ့် တစ်လလောက် အကြာမှာတော့ AJ ရဲ့ ပါးနှစ်ဖက်မှာ အသားစတွေ သူ့နေရာနဲ့သူ ပြန်ပြည့်လာခဲ့ပြီး အရင်က ရုပ်ဆိုးခဲ့တဲ့ ချိုင့်ခွက်ကြီးတွေ ပျောက်ကွယ်သွားကာ သူမ တစ်ကယ်လိုချင်တဲ့ အပြစ်ကင်းတဲ့ ပါးချိုင့်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ AJ က ” အလုပ်စဆင်းတဲ့နေ့မှာပဲ လုပ်ဖော်ကိုင်ဘက်တွေက ကျွန်တော်ကို ရယ်စရာလို့ သဘောထားခဲ့ကြပါ


တယ်”လို့ ပြောခဲ့ပါတယ်။သူမက ဆက်လက်ပြီး ” နှစ်ပတ်လောက်ကြာတော့ အသံတွေ တိတ်သွားတယ် … တစ်လလောက် ကြာတော့ သူတို့ကျွန်မရဲ့ပါးချိုင့်လေးတွေက ချစ်စရာကောင်းတယ်လို့ ချီးကျူးခဲ့ရပြီလေ … အခု ကျွန်မရဲ့ပါးချိုင့်လေးတွေက တကယ့် သဘာဝအတိုင်းပါဘဲ … ရှင်တို့ ခွဲစိတ်မှုလုပ်ခဲ့တယ်လို့တောင် ထင်မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*