သားဖြစ်သူကိုအမြဲချီပိုးပြီး အလုပ်ကြိုးစားလုပ်ကိုင်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ဘဝအခြေအနေ

ဖခင်တွေရဲ့ သားသမီးအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာတွေဟာ အတော်လေးကိုကြီးမားလှပါတယ် ။ သူတို့မှာ ပိုင်ဆိုင်ထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာဆိုရင်တော့ သားသမီးတွေပဲဖြစ်ကြမှာပါ ။

ဖခင်တွေ သားသမီးတွေကိုချီပိုးပြီး သာမာန်အိမ်အလုပ်တို့ ၊ အပြင်အလည်သွားကြတာမျိုးတွေကို တွေလဖူးကြမယ်ထင်ပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ဖခင်ကတော့ တွေးထင်ထားတာထက်ပိုပြီး ဘဝကခက်ခဲကြမ်းတမ်းလွန်းလှပါတယ် ။ ခက်ခဲပင်ပန်းလွန်းတဲ့ ကုန်တင်ကုန်ချအလုပ်မျိုးကိုလုပ်နေရင်းနဲ့ သားလေးကိုချီပိုးထားရသေးလို့ပါပဲ ။

အ လုပ်လုပ်နေချိန် သားလေး ဝမ်းနည်းနေမှာ ၊ အထီးကျန်ကြောက်ရွံနေမှာ ၊ ပျောက်ဆုံးသွားမှာကို ဖခင်ဖြစ်သူကတွေးထင်ပြီး စိုးရိမ်နေပုံရပါတယ် ။ မနားတမ်းအလုပ်လုပ်နေရပေမဲ့ သားလေးကိုအောက်မချပဲချီပိုးထားတဲ့ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာဟာ ကြည့်လိုက်ရုံနဲ့ အတော်လေးနက်နဲကြီးမားလွန်းမှန်းသိသာလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*