ကာတွန်းအရုပ်ဝတ်စုံတွေဝတ်ပြီး လမ်းဘေးမှာဖျော်ဖြေမှုတွေလုပ်ကာ မိခင်အတွက်ငွေကူရှာပေးနေတဲ့ ကလေးငယ်

အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ Rahmadi အမည်နဲ့ Instagram အသုံးပြုသူဟာ mascot ဆိုတဲ့ လာဘ်ကောင်အရုပ်ဝတ်စုံလေးကိုဝတ်ပြီး လမ်းဒေါင့်လေးတစ်နေရာမှာ အနားယူနေတဲ့ကောင်လေးတစ်ယောက်ရဲ့အဖြစ်ကို Instagram မှာဝေမျှခဲ့ပါတယ် ။ မေးမြန်းကြည့်ချိန်မှာတော့ ကောင်လေးဟာအဆိုပါဝတ်စုံလေးကိုဝတ်ပြီး မြို့အနှံ့လျှောက်ပတ်လည်ကာ မိခင်အတွက်ငွေကူရှာပေးနေတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

Post မှာရေးသားထားတာကတော့ ” နေ့တိုင်း Rehan လေးက Gatot Subroto လမ်းတစ်လျှောက်ဖြတ်လျှောက်သွားတဲ့ ရုံးဝန်ထမ်းတွေ နဲ့ အခြားသူတွေကို ကပြဆွဲဆောင်နိုင်အောင် စောစောစီးစီးအိပ်ယာထားရပါတယ် ၊ အချို့လူတွေကတော့ Rehan ရဲ့ဖျော်ဖြေမှုကို လမ်းမပေါ်က အာရုံနှောက်လွန်းတဲ့အရာ ၊ အချိန်ဖြုန်းနေတဲ့အလုပ်လို့တွေးထင်နေကြပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

အချို့သော Rehan ရဲ့ဖျော်ဖြေတင်ဆက်မှုကိုနှစ်သက်ပြီး ရပ်ကာကြည့်ရှုနေကြတဲ့သူတွေကလည်း ဝတ်စုံရဲ့နောက်ကွယ်ကလူဟာ ကလေးငယ်တစ်ယောက်ဖြစ်နေမှန်းကို လုံးဝမသိရှိကြတဲ့သူတွေပါ ။ Rehan လေးကတော့ သူ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ street performer တစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ထားကြောင်း ပြောပြခဲ့ပါတယ် ။ မိခင်ဖြစ်သူရဲ့ရှာလို့ရတဲ့ငွေတွေဟာ အိမ်ငှါးခ နှင့် Rehan ရဲ့ကျောင်းစရိတ်အတွက် ဖြစ်ပါတယ် ။ ဒါကြောင့် Rehan လေးက ” ပိုက်ဆံရတော့ ကောင်းတယ်ဗျ ၊ အဲတာမှ ကျွန်တော်အိမ်ကိုစားစရာတွေ ယူပြန်နိုင်မှာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Rehan ဟာ ကာတွန်းဝတ်စုံဒီဇိုင်းအမျိုးမျိုးကိုငှါးရမ်းဝတ်ဆင်လေ့ရှိပြီး ၊ ငှါးရမ်းခကိုတော့ မိခင်ဖြစ်သူကပေးလေ့ရှိကြောင်း သိရပါတယ် ။ မနက်စောစောစီးစီး အိပ်ယာကနေထကာ လမ်းဘေးမှာဖျော်ဖြေတင်ဆက်မှုပြုလုပ်ရပေမဲ့လည်း ၊ ညနေခင်းဖက်တွေမှာ အားလပ်ချိန်ရပြီး ဘောလုံးကစားခွင့်ရခဲ့တဲ့အတွက် ၊ Rehan လေးကတော့ ကလေးတစ်ယောက်ရဲ့အခွင့်အရေး နဲ့ ပျော်ရွှင်မှုကိုတော့ ရရှိနေပါသေးတယ် ။ မိခင်ဖြစ်သူအတွက် အပိုဝင်ငွေလေးရှာပေးနိုင်လို့ Rehan ဟာအတော်လေးပျော်ရွှင်ကြောင်း ပြောပြခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*