ပိုင်ဆိုင်မူတွေအကုန် စွန့်လွှတ်ပြီး ကမ္ဘာအနှံ့ခရီးထွက်ခဲ့တဲ့ စုံတွဲ ဘက်ဂျက် မလောက်တော့လို့ အိမ်သာဆေးနေရ

အရာရာ ကို စွန့်လွှတ်ပြီး တစ်ဘ၀ လုံး ခရီးထွက် ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲဟာ စားဝတ်နေရေးအတွက် ရောက်ရာ အရပ်မှာ အိမ်သာတွေကို သန့်စင်ဆေးကြောနေရရှာပါတယ်။

Stevo Dirnberger နဲ့ Chanel Cartell တို့ စုံတွဲဟာ သူတို့ရဲ့ အလုပ်တွေကို စိတ်ပျက်လာတဲ့အတွက် ၁ နှစ်လောက် ခရီးဆက်တိုက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရောက်ရာအရပ်မှာပဲ ဓါတ်ပုံရိုက်ကာ Instagram မှာ တင်ပြီး အားလုံးကို မနာလို ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ ရုပ်ရှင်တွေထဲမှာလိုတော့ အမြဲတမ်းနေသာနေတဲ့ ကမ်းခြေနဲ့ စိတ်လှုပ်ရှားစရာ ညအချိန်တွေကို ရရှိနေတာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ဟာ စားဝတ်နေရေးအတွက် အိမ်သာ သန့်ရှင်းရေး ဝင်လုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဘလော့ဂ်မှာ သူတို့ ရေးထားခဲ့တာကတော့ ဘက်ဂျက် ဟာ တစ်ကယ့်ကို ကျပ်တည်း လာပါတယ်။ ကျွန်ုပ်တို့ ၂ ယောက်ဟာ ကျွန်ုပ်တို့ရဲ့ ပြသနာ ကို ဖြေရှင်းဖို့ ဖန်တီးနိုင်စွမ်းတွေကို အသုံးချခဲ့ရပါတယ်။ ” လို့ ရေးသားထားပါသေးတယ်။

“ငါတို့ ဓါတ်ပုံတွေက မင်းကို အရူးလုပ်ခွင့်မပေးလိုက် ပါနဲ့ ။ တစ်ကယ်တော့ ငါတို့ဟာ အိမ်သာ ၁၃၅ လုံး ဆေးကြောခဲ့ရပါတယ် ၊ နွားမစင် ၂၅၉ ကီလို ကို ကြုံးခဲ့ရပါတယ် ၊ ကျောက်တုံး ၂ တန်ကို ဖယ်ရှားခဲ့ရပါတယ် ၊ မီတာ ၆၀ အရှည်အထိ လမ်းခင်းခဲ့ရပါတယ် ၊ အိပ်ယာ ၅၇ ခု ကို ပြင်ဆင်ခဲ့ရပါတယ် ၊ ပြီးတော့ ဝိုင်ခွက် ဘယ်နှစ်ခွက်ထိ ငါတို့ ဆေးခဲ့တယ်ဆိုတာကို မမှတ်မိနိုင်တော့ပါဘူး” လို့လည်း ရေးသားထားပါသေးတယ်။

သူတို့ရဲ့ ပြောပြချက်အရတော့ ပြီးခဲ့တဲ့ လပိုင်းက သူတို့ အတွက်တော့ ပိုခက်ခဲခဲ့ပါတယ်တဲ့။ ပြီးခဲ့တဲ့ လပိုင်းမှာ သူတို့ တိုက်ချွတ်ဆေးကြောခဲ့ရတဲ့ အိမ်သာတွေဟာ သေးငယ်ပြီး ညစ်ပတ်တယ်လို့ သူတို့ စုံတွဲက ဆိုထားပါတယ်။

ဒါပေမယ့်လည်း အခက်အခဲတွေ စိတ်ပျက်စရာ တွေဘယ်လောက်ပဲ ရှိရှိ သူတို့ စုံတွဲကတော့ လမ်းပေါ်မှာ ခရီးသွားရင်း အချိန်ကုန်ဆုံးနေရတဲ့ ဘ၀ ကို ကို ပျော်တယ်လို့ ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*