
ကြောင်လေးတွေက တစ်ခါတစ်လေသူတို့လေးတွေ သခင်အပေါ်ဘယ်လောက်သိတတ်လည်းဆိုတာပြဖို့ အိမ်ကိုပစ္စည်းတွေ ၊ အင်ဆက်အကောင်လေးတွေ ချီလာလေ့ရှိကြပါတယ် ။
သို့ပေမဲ့လည်း မလေးရှားနိုင်ငံက Robert အမည်ရှိတဲ့ကြောင်လေးကတော့ သခင်ဖြစ်သူရဲ့ကလေးငယ်ကို အငိုတတတ်အောင်ချော့ဖို့ တစ်ခြားနည်းလမ်းသုံးခဲ့ပါတယ် ။ အဲတာကတော့ ကြောင်လေးဟာ ငါးကြော်လေးကိုခိုးပြီး ကလေးငယ်ကိုသွားကျွေးခဲ့တာပါပဲ ။ အဆိုပါအဖြစ်အပျက်ကို ကြောင်လေးရဲ့သခင်က ကလေးငယ် Johan နဲ့ ကြောင်လေး Robert အကြား သံယောဇဉ်ဘယ်လောက်ခိုင်မာလည်းဆိုတာကို Twitter မှာ ဝေမျှခဲ့ပါတယ် ။
‘ Johan က ကလေးပဲရှိသေးလို့ မာတဲ့အစာတွေ စားလို့မရသေးပါဘူး ၊ အဲတာကို Robert က ငါးကြော်ကျွေးဖို့ ကြိုးစားနေရှာတယ် ‘ ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ် ။ ‘ ပြီးတော့ Robert က သူ့ဟာသူ ငါးကြော်စားချင်နေတာဖြစ်မယ် ‘ ဆိုပြီးတော့လည်း ရေးသားထားခဲ့ပါသေးတယ် ။
— not fel (@pelisahh) September 4, 2020
Robert လိုကြောင်လေးမျိုးပိုင်ဆိုင်ထားနိုင်ရင်တော့ ဘယ်လောက်ပဲ ပင်ပန်းပြီးစိတ်ဆင်းရဲနေပါစေ ၊ စိတ်အပန်ဖြေမှုကို အပြည့်ပေးနိုင်မဲ့ ကြောင်လေးပါပဲ ။
Leave a Reply