
အွန်လိုင်းကနေပစ္စည်းမှာတာနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့အဖြစ်အပျက်ဆိုးတွေအကြောင်းကို တော်တော်များများလည်း သိဖူးကြားဖူးပြီးသားပါ။သိကြတဲ့အတိုင်းအွန်လိုင်းကမှာတဲ့ပစ္စည်းက အပြင်ရောက်ရင်ပုံစံတစ်မျိုး၊ မှာတုန်းကပုံစံက တစ်မျိုးနဲ့ အမျိုးမျိုးအစုံစုံကြုံရပါတယ်။ခုတစ်ခါလည်း ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်က Lazada အွန်လိုင်းစတိုးကနေ Lenovo Tablet မှာလိုက်တာ ပါဆယ်ရောက်လာတော့ တလွဲကြီးဖြစ်နေပါတယ်တဲ့။ ဒါတောင် အွန်လိုင်းရှော့က နာမည်ရှိပြီးသားလို့သိရပါတယ်။
ဖိလစ်ပိုင်တင်မက အာရှတစ်ခွင်ပါ Lazada အွန်လိုင်းစတိုးက နာမည်ရှိတဲ့ အွန်လိုင်းရှော့တစ်ခုပါ။ အခုလတ်တလောမှာတော့ မှာယူသူတွေရဲ့ဝေဖန်ပြစ်တင်မှုတစ်ချို့ကိုရရှိနေပါတယ်။ သူတို့မှာတာနဲ့ ပြန်ရတာကတစ်ခြားစီဖြစ်နေလို့ဆိုပြီးဝေဖန်မှုတွေတရစပ်ရနေတာပါ။ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ကလည်း သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး အွန်လိုင်းမီဒီယာပေါ်မှာပြန်ပြီးမျှဝေထားခဲ့ပါတယ်။
သူက Php ငွေ 12000 တန်ဖိုးရှိ LenovoTablet ကိုမှာယူခဲ့ပေမဲ့ တကယ်တမ်းရောက်လာတဲ့အခါမှာတော့ Tablet အစား Surf laundry ဆပ်ပြာတစ်ခဲပဲ ပါလာခဲ့ပါတယ်တဲ့။ရောက်လာတဲ့ပါဆယ်ဘူးကလည်း Tablet ထည့်တဲ့အရွယ်အစားလောက်ရှိပေမဲ့ ဖွင့်ကြည့်တော့ ဆပ်ပြာခဲပဲရှိနေတာပါ။ထိုအမျိုးသားက ပါဆယ်ဘူးရောက်လာလာခြင်း သံသယစိတ်ဖြစ်ပြီး ဗီဒီယိုပါရိုက်ခဲ့ပါသေးတယ်။အမှန်တကယ်တော့ ဒီလိုယုံကြည်စိတ်ချလို့မှာယူတဲ့ဈေးဝယ်သူကို ဒီလိုလုပ်ရပ်မျိုးလုပ်တယ်ဆိုတာ အတော်ကိုမှားယွင်း တဲ့လုပ်ရပ်တစ်ခုပါပဲ။သူ့ရဲ့ဗီဒီယိုကိုလည်း ကြည့်လိုက်ပါဦး။
Leave a Reply