သူငယ်တန်းအရွယ်ကလေးငယ်တွေရဲ့ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခဲ့တဲ့ကစားပွဲကြောင့် အံ့မခန်းနိုင်အောင်ဖြစ်ခဲ့ရတဲ့အဖြစ် (ရုပ်သံ)

တရုတ်နိုင်ငံမှ သူငယ်တန်းကျောင်းသားတစ်ဖွဲ့ဟာ ဒီတစ်ပတ်မှာတော့ ၎င်းတို့ရဲ့မယုံနိုင်လောက်တဲ့ပူးပေါင်းဆောင်ရွက်တတ်တဲ့ အစွမ်းအစတွေကြောင့် အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အကြောင်းကတော့ လူပေါင်းများစွာပါဝင်ဆော့ကစားတဲ့ game လေးကို ဟန်ချက်ညီစွာထိန်းချုပ်ဆော့ကစားခဲ့လို့ပါပဲ ။

ဂိမ်းလေးကို ‘Cooperation’ လို့မှည့်ခေါ်ထားပြီး ၊ တစ်ကြိမ်တည်းမှာ ကလေးငယ်တွေက ဘော်လုံးနှစ်လုံးကို မြေပြင်ပေါ်သို့ 4ချက် ရိုက်ပုတ်ရပြီးနောက် ၊ ညာဖက်သို့ရွှေ့ပြီး အခြားသူပုတ်ခတ်ထားတဲ့ဘော်လုံးကို အချိန်မီပြန်ထိန်းဆော့ပေးရတာပါ ။

Video ထဲမှာတော့ ကလေးငယ်တွေဟာ စက်ဝိုင်းပုံအကျယ်ကြီးပြုလုပ်ပြီး ဝိုင်းပတ်ဆော့ကစားခဲ့ကြတာပါ ။ ကြည့်လိုက်ရင်တော့ အတော်လေးကိုလွယ်ကူနေပုံရပေမဲ့လည်း ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိရင် ၊ တစ်ခဏတာ ဟန်ချက်မထိန်နိုင်လိုက်တာနဲ့ ချက်ချင်းကိုပျက်စီးသွားမဲ့ အသင်းအဖွဲ့ဆော့ကစားနည်းလေးပါ ။

အဆိုပါ video လေးဟာ အတော်လေးကိုရေပန်းစားခဲ့ပြီး လူအများက ကလေးငယ်တွေရဲ့စွမ်းရည်ကိုချီးကျူးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အချို့သောသူများကတော့ ကလေးငယ်တွေကဆော့ကစားတာနဲ့မတူနေဘဲ ၊ လူကြီးတွေရဲ့သင်ကြားလေ့ကျင်မှုအတိုင်း လိုက်နာဆောင်ရွက်နေရတာနဲ့တူညီနေကြောင်း ဝေဖန်နေကြစမြဲပါပဲ ။ သို့ပေမဲ့လည်း အဆိုးထက် ၊ အကောင်းဖက်ကတွေးထင်ပေးတဲ့သူတွေက ပိုများလို့ရှိနေပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*