အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည့် GYM သင်တန်းနည်းပြ

မလေးရှားနိုင်ငံမှာ Gym လေ့ကျင့်ရေးရုံဖွင့်လှစ်ပြီး၊ သင်တန်းနည်းပြအဖြစ် လုပ်ဆောင်နေကြတဲ့ သူတွေအားလုံးတိုင်းဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာတော့ Gay တွေ Tran တွေ မရှိသလောက်နည်းပါးတယ်။ အမျိုးသမီးကာယအလှသင်တန်းကျောင်းမှာဆိုရင်လည်း အမျိုးသမီးစစ်စစ်တွေ ဦးစီးတာ များသလို၊ အမျိုးသားကာယဗလသင်တန်းမှာဆိုရင်လည်း နည်းပြတွေဟာ အမျိုးသားတွေပါဘဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က Lye
နောက်ပြီး မလေးရှားနိုင်ငံ ဥပဒေအရ လိင်ပြောင်းခံယူခွင့်ဟာ တရားမဝင်ပါဘူး။ Gym သင်တန်းဖွင့်လှစ်ထားပြီး၊ ကိုယ်တိုင်သင်တန်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ El Lye လို့ အမည်ရတဲ့ သူကတော့ သူဟာ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း worldofbuzz မှာ ထုတ်ဖော်ဝန်ခံခဲ့ပါ ဖော်ပြခဲ့ပါတယ်။

Lye ရဲ့ ၀န်ခံချက်ဟာ ဒေသခံတွေကို အံ့သြစေရုံသာမက သင်တန်းတက်နေသူတွေကိုပါ အူလည်လည် ဖြစ်သွားစေခဲ့ပါတယ်။ သူဟာ အခုအချိန်ထိ ဥပဒေအရ တရားမဝင်တဲ့ လိင်ပြောင်းအမျိုးအသားအဖြစ် မခံယူရသေးပါဘူုးတဲ့။ သူ့ရဲ့ ခန္ဓာယ်ကြွက်သား အလိပ်အလိပ်နဲ့ ယခင်က အမျိုးသမီးသန့်စင်ခန်းတွေကို ထုံးစံအတိုင်း ၀င်ရောက်မိလို့ ရဲဆီကိုရောက်ရတာလည်း ခဏခဏလို့ ဆိုပါတယ်။ အခုတော့ သူဟာ အမျိုးသားသန့်စင်ခန်းတွေကိုသာ သုံးတော့တယ်လို့ သိရပါတယ်။

Lye ဟာ Ipoh မြို့မှာ Muszle Warrior အမည်ရ Gym ခန်းမကို ဖွင့်လှစ်ထားပြီး၊ သူရဲ့အကြောင်းကို ဒေသခံတွေ တော်တာ်များများ မသိကြပါဘူး။ တကယ်တော့ သူရဲ့ နာမည်အရင်းက Elaine Lye ဖြစ်ပြီး၊ အမျိုးသားတစ်ယောက် အဖြစ်ခွဲစိတ်မှုမလုပ်ရဘဲ ကိုယ့်ဘသာ ခံယူပြီးချိန်မှာတော့ El Lye ဆိုတဲ့နာမည်ကို ခံယူခဲ့တယ်လို့ ဆိုပါတယ်။

Lye ဟာ အသက် 36 နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ အမျိုးသားတစ်ယောက်လိုသာ နေထိုင်ပါတယ်။ အစက ကိုယ်အလေးချိန် 42 ကီလိုမှ 62 ကီလိုအထိ ရအောင်လေ့ကျင့်ပြီး၊ အမျိုးသားတွေ အားကျဖွယ် ဘော်ဒီတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ Muszle Warrior ကို စတင်ဖွင့်လှစ်ချိန်မှာ အခုအချိန်ထိ သင်တန်းသားတွေ မြောက်များစွာနဲ့ အောင်မြင်နေဆဲပါ။

Lye ဟာ မွေးဖွားလာစဉ်ကတည်းက အမျိုးသမီးဆိုပေမယ့်၊ မိန်းမကိုယ်နဲ့ ယောက်ျားစိတ်ရှိသူ တစ်ဦးပါ။ ဒီအတွက် သူ့မှာရှိနေတဲ့ အမျိုးသမီး အသွင်းသဏ္ဍန်မှန်သမျှကို စွန့်လွှတ်လိုသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ သူ့အနေနဲ့ လိင်ပြောင်းခံယူဖို့အတွက် မပြင်ဆင်ရသေးပါဘူး။ သူ့ Gym မှာ တက်ရောက်လိုသူတွေဟာ အလွန်ကြမ်းတမ်းတဲ့ လေ့ကျင့်နည်းတွေကို လေ့ကျင့်ရပါတယ်။ Gym ရဲ့ ဆောင်ပုဒ်က ” ကြမ်းကြမ်းကျင့်၊ မဟုတ်ရင် အိမ်ပြန်” ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*