တစ်ဘဝလုံးစာစုဆောင်ထားတဲ့ငွေကြေးတွေအကုန် ဆေးရုံသို့လှူတန်းခဲ့တဲ့ အသက် 80 အရွယ် လင်မယား

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Yenjai Wongpaiboonsri အမည်ရှိတဲ့ အသက်80အရွယ် အဘွားအို နှင့် အသက် 83နှစ်အရွယ် Prachuap Wongpaiboonsri အမည်ရှိတဲ့အဘိုးအိုတို့ဟာ စုဆောင်းထားတဲ့ငွေ 1.15 မီလီယံဘတ်ကို ၎င်းတို့မြို့ရှိဆေးရုံ 2ရုံသို့ လှူဒါန်းခဲ့ပါတယ် ။ ၎င်းတို့လင်မယားဟာ ထိုင်းနိုင်ငံအရှေ့ဖက် ၊ Chon Buri မှာ ဘဲသားခေါက်ဆွဲဆိုင်လေးဖွင့်ထားကြသူပါ ။ Queen Savang Vadhana ဆေးရုံသို့ 500,000 ဘတ်လှူဒါန်းခဲ့ပြီး ၊ 650,000 ဘတ်ကို Lamchabang ဆေးရုံသို့ လှူတန်းပေးခဲ့ပါတယ် ။

အဆိုပါလင်မယားဟာ အတော်လေးကိုအိုနေပြီဖြစ်တဲ့အတွက် ဘယ်အချိန်လောကကြီးကနေ ထွက်သွားရမလဲဆိုတာ မသိလို့ ယခုလိုလှူတန်းခဲ့တာဖြစ်ပါတယ် ။ အဘွားအိုကတော့ ဟိုးအရင်ချိန်တုန်းက အဘိုးအိုခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အချိန်တုန်းက ဆေးရုံရှိဆရာဝန်များနှင့် သူနာပြုများက ဂရုစိုက်ပေးကြတဲ့အပြင် ၊ ဆေးဖိုးကုသစရိတ်များကိုပါ ထောက်ပံ့ပေးခဲ့လို့ အတော်လေးကျေးဇူးတင်ခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

အဘိုးအဘွားနှစ်ဦးဟာ အဆိုပါခေါက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာ နှစ်ပေါင်း 50 ရှိနေပြီဖြစ်ပြီး ဒေသခံတွေကတော့ ၎င်းတို့ရဲ့ခေါက်ဆွဲကိုအတော်ကြိုက်နှစ်သက်ကြသူပါ ။ ထို့အပြင် ၎င်းတို့ရဲ့ခေါက်ဆွဲချက်ပြုတ်နည်းကိုမေးမြန်းခဲ့ချိန်မှာလည်း လတ်ဆတ်ပြီးသန့်ရှင်းတဲ့အစားအသောက်တွေကိုသာ အသုံးပြုပြီး ၊ စေတနာအပြည့်နှင့်ချက်ပြုတ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*