အသက် 14နှစ်အရွယ်ဆိုပေမဲ့ မယုံနိုင်လောက်တဲ့အချက်အပြုတ်စွမ်းရည်တွေကြောင့် ရေပန်းစားနေလျက်ရှိတဲ့ မိန်းကလေး (ရုပ်သံ)

အသက် 14 နှစ်အရွယ်ကလေးတွေ အတော်များများဟာ ကျောင်းစာ ၊ အိမ်စာ နှင့် သင်တန်းတွေနဲ့ အလုပ်များနေပေမဲ့လည်း အချို့ကလေးတွေကတော့ မိဘတွေအပေါ်ကူညီစာနာစိတ်အပြည့်ရှိကြပါတယ် ။ မလေးရှားနိုင်ငံက အသက် 14နှစ်အရွယ်ကလေးမလေးဟာ နေ့စဉ်နေ့တိုင်းကျောင်းစာတွေနဲ့လုံးပမ်းနေရပေမဲ့လည်း ညဖက်မှာဆိုရင်

ညဈေးတန်းမှာစားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ရဲ့မိဘတွေကို ကူညီပေးလေ့ရှိပါတယ် ။ ထို့ကြောင့် သူမရဲ့ဟင်းချက်ပြုတ်တဲ့စွမ်းရည်ဟာ မြို့ထဲမှာတော့ အတော်လေးကိုလူသိများလျက်ရှိပါတယ် ။ 14နှစ်အရွယ်သာရှိသေးပေမဲ့ အချက်အပြုတ်တွေဟာ သူမအတွက်ခက်ခဲပုံမပေါ်တဲ့အပြင် ၊ သပ်ရပ်သန့်ရှင်းစွာ ချက်ပြုတ်တတ်သူလေးပါ ။

အဆိုပါလမ်းဘေးဆိုင်လေးဖွင့်စအချိန်ကတည်းကဖခင်ဖြစ်သူဟာ သမီးငယ်လေးကိုအမြဲခေါ်လာလေ့ရှိပြီး ၊ သမီးလေးရဲ့အချက်အပြုတ်စွမ်းရည်ဟာ ဖခင်ဖြစ်သူထံကနေ အမွေရရှိခဲ့တာဖြစ်ပြီး ၊ အခုဆိုရင် အဖေ့ထက်တောင် ပိုပြီးတတ်ကျွမ်းနေပါပြီ ။ အမှန်တကယ်တော့ ကလေးမလေးဟာ 4တန်းအရွယ်ကတည်းက စပြီးအချက်အပြုတ်သင်ခဲ့ရတာပါ ။

သူမရဲ့မိဘတွေက အိမ်ရဲ့စီးပွားရေးကို ကူညီစေခိုင်းခဲ့တဲ့အပြင် ၊ အလုပ်ကြိုးစားပြီး ရရှိလာတဲ့ငွေရဲ့တန်ဖိုးကို သမီးငယ်လေးအား သိစေလို၍ဖြစ်ပါတယ် ။ အဆိုပါအကြံဉာဏ်က အတော်လေးကိုကောင်းခဲ့တဲ့အပြင် ၊ အခုဆိုရင် ကလေးမလေးဟာ social media မှာ အတော်လေးကိုရေပန်းစားသူဖြစ်နေပါပြီ ။

Be the first to comment

Leave a Reply

Your email address will not be published.


*