ယောက်ကျားဖြစ်သူဖွက်ထားတဲ့ ဘာညာကားတွေကို ဇနီးမယားတွေ့သွားသောအခါ

ဂျပန်နိုင်ငံမှာ လက်ထပ်ပြီးသား အမျိုးသားတစ်ယောက်ဟာ သူတို့ရဲ့ မိသားစုတွေနဲ့ အချိန်အတော်အကြာကြီး ခွဲနေရတာတွေရှိပါတယ်။အဲ့တာဘာကြောင့်လည်းဆိုတော့ အလုပ်ကြောင့်ဘဲဖြစ်ပါတယ်။ဒီအခါမှာတော့ ဇနီးမယားနဲ့ ဝေးကွာတဲ့ အချိန်အတွင်း ဖုံးကွယ်ထားသင့်တဲ့ ပြဿနာတွေကို မဖုံးကွယ်နိုင်တော့တဲ့ အခါမျိုးတွေလည်း ရှိလာပါတယ်။

အခုအဖြစ်အပျက်လည်း ထိုနည်းလည်းကောင်းပါဘဲ။ အဝေးရောက်နေတဲ့ အမျိုးသားတစ်ယောက် သူ၏ဇနီးမယားကို ဖုံးကွယ်ထားခဲ့တဲ့အရာ ကြောင့်ဖြစ်လာတာဘဲဖြစ်ပါတယ်။တွစ်တာအသုံးပြုသူ @terajun6966 ဆိုသူဟာ အလုပ်ကိစ္စတွေကြောင့် မိန်းမနှင့် ကလေးတို့ဆီကနေ ခေတ္တခဏဝေးကွာနေရတဲ့ သူတစ်ယောက်ပါ။

နေ့ရက်တိုင်းဟာ သူ့အတွက် အဆင်ပြေနေပေမယ့် တစ်ရက်မှာတော့ မိန်းမဖြစ်သူဆီကနေ မက်ဆေ့တစ်စောင်ရပါတော့တယ်။မက်ဆေ့ထဲမှာတော့ ဂျပန်ကျောင်းသူလေးတစ်ယောက်ရဲ့ ပုံကို အလွန်သေသပ်စွာ လှလှပပရေးဆွဲထားတဲ့ ပုံလေးဘဲဖြစ်ပါတယ်။

ဒီလိုပုံမျိုးကိုတော့ ဂျပန်နိုင်ငံက အပြာကား တချို့မှာ မြင်တွေ့နိုင်တာလည်းဖြစ်ပါတယ်။သူမဆွဲထားတဲ့ ထိုပုံအပြင် စာသားတစ်ခုလည်းပါလာပါသေးတယ်။အဲ့ဒီစာသားကတော့ ” ဒီဟာကို ရှင့်ရဲ့ စားပွဲအောက်ကတွေ့လာတာဘဲ။ အဲ့တာနဲ့ ကျွန်မလည်း နှစ်ခြမ်းခွဲပလိုက်ပြီးတော့ လွှင့်ပစ်လိုက်တယ်” ဆိုတဲ့ စာသားပါဘဲ။

သူမယောက်ကျားခုံအောက်က တွေ့ခဲ့ရတာကတော့ အသက် ၂၀၀န်းကျင်သာရှိအုံးမယ် ကောင်မလေးတစ်ယောက် ကျောင်းသူဝတ်စုံလေးကို၀တ်လို့ ရိုက်ကူးထားတဲ့အပြာကား ဘဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဇနီးဖြစ်သူဟာ သူမယောက်ကျားရဲ့ ၀ါသနာကို အခုလို ဖျောက်ပစ်ခဲ့တာဘဲဖြစ်ပါတယ်။

ဒီတခေါက်ထဲမဟုတ်ပါဘူး။ သူတို့ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အခုလိုမျိုး ဖြစ်ပျက်ခဲ့ဖူးတာကြောင့် သူမအနေနဲ့ ယခု ဒုတိယအကြိမ်မှာ ပြသခဲ့တာဘဲဖြစ်ပါတယ်။ကဲ နာမည်မပါတဲ့ ကို အဝှာရေ။ ခင်ဗျား ၀ါသနာထိန်းမရဖူးဆိုရင်လည်း နောက်တခါဆိုရင်တော့ သေချာသာ သိမ်းတော့ဗျို့။

Be the first to comment

Leave a Reply

Your email address will not be published.


*