
စာဖတ်သူတို့ရော အသက်(၈)နှစ်အရွယ်မှာ ဘာလုပ်နေတုန်းလဲဆိုတာ မှတ်မိသေးလား? အဲ့ဒီအချိန်တုန်းက ပညာရေးအရည်ချင်းက (၃)တန်းလောက်ပဲရှိဦးမှာပေါ့။ ဒါပေမယ့် ဘယ်ဂျီယံက (၈)နှစ်သားလေးကတော့ အင်တာနက်သုံးစွဲသူတွေ အားလုံးကို အံ့အားသင့်စေခဲ့တယ်။
ဒီကလေးက ၁၈လတည်းနဲ့ အထက်တန်းကျောင်းကို ပြီးဆုံးအောင်တက်နိုင်ခဲ့တယ်။ ဒတ်ချ်မေမေနဲ့ ဘယ်ဂျီယံဖေဖေတို့မှ မွေးဖွားလာတဲ့ Laurent Simons ဟာ အသက်(၈)နှစ်နဲ့ အထက်တန်းကျောင်းပြီးဆုံးခဲ့ပြီး အသက် ၁၈နှစ်လောက်ဆို သူ့ရဲ့အိုင်ကျုက ၁၄၅လောက်ရှိလာမယ်လို့ ယုံကြည်ထားကြပါတယ်။
ဒီအရွယ်မှာ ကလေးအတော်များများက အရုပ်နဲ့ဆော့မယ် ၊ သချာၤတွေသင်မယ်၊ အင်္ဂလိပ်စာနဲ့သိပ္ပံပညာတွေ လေ့လာကြမယ်ဆိုပြီး ကလေးဘဝကို ဖြတ်သန်းကြပါတယ်။ Laurentမှာလည်း အကြိုက်ဆုံး ဘာသာရပ်တစ်ခုရှိပါတယ်။ သင်္ချာဘာသာတဲ့။ သင်္ချာနဲ့ပတ်သတ်ရင် သူ့မှာ လူကြီးတွေနီးပါး ဦးနှောက်ကအလုပ်လုပ်နေတာ မြင်ရတယ်။
ဘာကြောင့် သင်္ချာကိုအကြိုက်ဆုံးဖြစ်ရတာလဲလို့ မေးတော့ – ” ဒါက အရမ်းကျယ်ပြန့်တယ်။ ကိန်းဂဏာန်းအချက်လက်တွေနဲ့ ဂျီသြမေတြီပညာရပ်တွေ၊ အက္ခရာသင်္ချာတွေ များစွာပါဝင်တာကိုး” လို့ ဉာဏ်ကြီးရှင်လေး Laurent ကရှင်းပြသွားပါတယ်။
အခြားကလေးတွေလို သူ့မှာကလေးဘဝကို ပျော်ရွှင်စွာနဲ့တော့ မဖြတ်သန်းရဘူး။ သူကိုယ်တိုင်ကိုက အခြားကလေးတွေနဲ့ အရောတဝင်မနေ၊ ကစားခြင်းမရှိ ၊ သူစိတ်ဝင်စားတဲ့ သင်ယူခြင်းတွေနဲ့သာ အချိန်တွေကုန်ဆုံးနေတတ်တယ်လို့ Laurent မိဘတွေက ပြောပြပါတယ်။
သင်္ချာတော်လွန်းတာကြောင့် သူ့အတွက်အလုပ်တွေ ခေါ်နေတာတောင်ရှိပါတယ်။ ဒါပေမယ့် အရမ်းငယ်လွန်းတာကြောင့် မိဘတွေက ခွင့်မပြုဘူး။ ခွဲစိတ်ဆရာဝန်နဲ့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ချင်တယ်လို့ သူကပြောပါတယ်။ Laurent မှာ တကယ်ကြီးမားတဲ့ အိပ်မက်တွေနဲ့ပြည့်နှက်နေပါတယ်။
ဒါပေမယ့် အိပ်မက်တွေထက် သူတို့သားလေး ပျော်ရွှင်နေတာကိုပဲ မိဘတွေကိုမြင်ချင်တာပါ။ Laurent အတွက်ကတော့ တောင်ပတဲ့အနာဂတ်တစ်ခုက ရှိပြီးသားပါ။
Leave a Reply