ချစ်သူသက်တမ်း (၆)နှစ်ပြည့်မှာ အခြားတစ်ယောက်နဲ့ဒိတ်နေတဲ့ချစ်သူကို သူမတုံ့ပြန်ခဲ့ပုံက

ချစ်မိကြတဲ့အခါ နောက်နေ့တွေမှာ ဘာတွေဖြစ်မလဲ ဘယ်သူမှမသိနိုင်ဘူး။ ဘာလို့ဆို အရမ်းချစ်ကြပါတယ်ဆိုတဲ့ အတွဲတွေတောင် ပြတ်ကြသေးတာကိုး။ တကယ်ချစ်လို့ ယူသွားတဲ့စုံတွဲတွေလည်း အများကြီးပါ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မဖောက်ပြန်နိုင်ဘူးလို့လည်း ဘယ်သူမှ ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။


Michelle Ann Trinidad ရဲ့ချစ်သူဟာ သူတို့ရဲ့(၆)နှစ်ပြည့် ချစ်သူသက်တမ်းမှာ တစ်ခြာတစ်ယောက်နဲ့ ဒိတ်နေတာကို ကိုယ်တိုင်မြင်လိုက်ရပါတယ်။ ၆နှစ်ကျော်ကြာလာလည်း Relationship တစ်ခုက ဘယ်လိုမှယုံလို့မရပါလား။

သူများတွေပြောနေတာ မခံနိုင်တော့လွန်းလို့ Michelle က သူမကိုယ်တိုင် ရင်ဆိုင်ဖို့ သွားဖမ်းခဲ့တယ်။ နှစ်ယောက်သားဒိတ်နေတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်တင်ကာ အရှက်ခွဲခဲ့တယ်။

”တစ်ခါဖောက်ပြန်ဖူးတဲ့လူဟာ နောက်လည်းဖောက်ပြန်နေဦးမှာပဲ.. တန်ရာလူနဲ့ ပျော်ပါစေ” လို့သူမက ဓာတ်ပုံနဲ့တကွ စာရေးသားဖော်ပြထားခဲ့တယ်။ သူများတွေလိုတော့ ဖောက်ပြန်နေတာတွေ့ရင် လမ်းပေါ်မတရား သောင်းကျန်းတာမျိုး မလုပ်ခဲ့ပေမယ့် ပါးတော့ သွားရိုက်ခဲ့တယ်တဲ့။ သူမ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးစွဲသူအားလုံးကလည်း ထိုကောင်လေးလုပ်ရပ်ကို အပြစ်တင် ၊ ဝေဖန်စာတွေပို့ခဲ့တယ်။ သိပ်တောင်မကြာပါဘူး။ သူ့အကောင့်လည်း ပျက်သွားခဲ့ပါတယ်။

ဒီလိုဖောက်ပြန်တဲ့ ကိစ္စတွေကတော့ တစ်နေ့တစ်ခြားမရိုးရအောင် အမြဲတမ်းကြားနေရပါတယ်။ ဖြစ်လာရင်တော့ မိန်းကလေးတွေအနေနဲ့ စိတ်ကိုအေးအေးထားပြီး ကိုယ်နဲ့မထိုက်တန်လို့ သူ့လမ်းသူ သွားတယ်လို့ပဲ မှတ်ယူစေချင်ပါတယ်။ ဒေါသကို အလိုလိုက်ရင် နောက်ဆက်တွဲပြဿနာတွေက မမှန်းဆနိုင်ပါဘူး။ Michelle ကလည်း ဒီကိစ္စမှာ စိတ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*