ဂိမ်းအတူတူဆော့ပေးရုံနဲ့ တစ်လတည်းကိုငွေပေါင်းမြောက်များစွာရှာနိုင်တဲ့ ထိုင်ဝမ်မှမိန်းကလေးများ

ထိုင်ဝမ်ရဲ့ ဂိမ်းစီးပွားရေးကျယ်ပြန့်မှုဟာ အခြားနိုင်ငံတွေထက်ပိုတယ်လို့ပြောရမှာပါပဲ ။ ထိုင်ဝမ်မှာရှိတဲ့ မိန်းကလေးအချို့ဟာ online game ဆော့ကစားနေကြတဲ့သူတွေအတွက် တွဲဖက် gamer တစ်ယောက်အနေနဲ့ အတူဆော့ပေးရုံဖြင့် ဝင်ငွေအမြောက်အများရရှိနေကြတာပါ ။ ဝန်ဆောင်မှုအနေဖြင့် အချိန်ပိုင်းတွဲဖက် gamer ဒါမှမဟုတ် အချိန်ပြည့်တွဲဖက် gamer ဆိုပြီးရှိပါတယ် ။

သို့ပေမဲ့ ၎င်းတို့ရဲ့ profile ဓာတ်ပုံတွေကိုတော့ ဝန်ဆောင်မှုအတွက် အနည်းငယ်ပြုပြင်ထားတာမျိုးတော့ရှိပါတယ် ။ အခြားသောသာမာန်ကုမ္ပဏီဝန်ထမ်းအလုပ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ၎င်းတို့ရဲ့လစာဟာအတော်လေးကိုမြင့်နေတဲ့အတွက် ၊ နောက်ပိုင်း တွဲဖက် gamer တွေအနေနဲ့ အလုပ်ဝင်လုပ်ကြမဲ့ မိန်းမငယ်လေးတွေ ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ် ။

ထိုင်ဝမ်ရှိတွဲဖက်gamer လေးတွေဟာ တစ်နာရီအတွင်း $17 ခန့်ဝင်ငွေရှိပါတယ် ။ ဖောက်သည်းတွေကပိုပြီးစိတ်ကျေနပ်ရင်တော့ အပိုဆုကြေးတွေလည်း ပေးပါသေးတယ် ။ ဝန်ဆောင်မှုပေးတဲ့အချိန်ကြာရင် ကြာသလောက် ဝင်ငွေများကြပါတယ် ။ အချိန်ပိုင်း တွဲဖက်gamer တွေဟာ တစ်လကို $1,362 အထက်ရှာဖွေနိုင်ကြပြီး ၊ အချိန်ပြည့် တွဲဖက် gamer များကတော့ တစ်လကို $ 3,406 အထက်ရှာဖွေနိုင်လေ့ရှိတဲ့အပြင် ၊ အချို့ဆိုရင်တော့ $9,540 အထိ ရှာဖွေနိုင်ကြသူများလည်း ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*