ဆင်းရဲလွန်းလို့ ဗိုက်ဆာတဲ့အချိန်တစ်ရှူးတွေစားခဲ့ရတယ်ဆိုတဲ့ အသံသရုပ်ဆောင်မင်းသမီး(ရုပ်သံ)

ဂျပန်နိုင်ငံရှိ အသံသရုပ်ဆောင်မင်းသမီးတစ်ဦးဟာ သူမရဲ့အတိတ်ဘဝဟာ ဆင်းရဲဒုက္ခများလွန်းလို့ ဗိုက်ဆာနေချိန်တစ်ရှူးကို ငံပြာရည်နဲ့တို့ပြီးစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။

Aya Hirano အမည်ရှိတဲ့ သူမဟာ အသက် 30 ကျော်အရွယ်ရှိနေပြီး ၊ အခုဆိုရင်တော့ သူမရဲ့နယ်ပယ်မှာအတော်လေးအောင်မြင်နေသူလည်း ဖြစ်နေပါပြီ ။ သူမဟာ ” The Melancholy of Haruhi Suzumiya” ဇာတ်ကားမှာ Haruhi Suzumiya အဖြစ် အသံသရုပ်ဆောင်ခဲ့ပြီး ၊ ” Lucky Star” ဇာတ်ကားမှာတော့ Konata Izumi အဖြစ်အသံသရုပ်ဆောင်ခဲ့သူပါ ။

သူမရဲ့အောင်မြင်မှုရအောင် လျှောက်လှမ်းလာတဲ့ခရီးဟာ ထင်ထားသလောက်မလွယ်ကူခဲ့ပါဘူး ။ 2000 ခုနှစ်မှာဆိုရင် သူမဟာ နေထိုင်စားသောက်မှုကုန်းကျစရိတ်အတွက် လမ်းမပေါ်မှာဖျော်ဖြေတင်ဆက်မှုများလုပ်ခဲ့ရပါသေးတယ် ။

2014 ခုနှစ်က သူမဖြေကြားခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆိုရင် ‘ ကျွန်မလုံးဝပိုက်ဆံမရှိတဲ့ အချိန်မျိုးရှိခဲ့ပါတယ် ၊ အဲ့ကြောင့် ကျွန်မတစ်ရှူးပေါ် ငံပြာရည်လေး လောင်းပြီး စားခဲ့ရပါတယ် ‘ ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ မကြာသေးခင်ကမှ သူမရဲ့ပရိသတ်တွေက အဆိုပါအဖြစ်အပျက်ကို ကြားသိခဲ့ရတာပါ ။ သူမအသံ သရုပ်ဆောင်ထားတဲ့ ကာတွန်ဇာတ်ကားတွေကိုလည်း ပရိသတ်တွေ နားထောင်နိုင်ဖို့ ထည့်သွင်းထားပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*