လမ်းခွဲကြေးအဖိုးအခအနေနဲ့ ဒေါ်လာ 3သိန်းပေးတဲ့ရည်းစားဟောင်းကို ငွေနည်းလို့လက်မခံဘဲငြင်းပယ်ခဲ့တဲ့ မိန်းကလေး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 23 နှစ်အရွယ်အမျိုးသားဟာ လမ်းခွဲကြေးအဖိုးအခအနေနဲ့ သူ့ရဲ့ရည်းစားဟောင်း ကောင်မလေးကို $300,000 ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ငွေပမာဏနည်းလွန်းလို့ဆိုပြီး ကောင်းမလေးကငွေကိုစွန့်ပစ်ထားရစ်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ May 6 ရက်နေ့ညတုန်းက Hangzhou မြို့မှာရှိတဲ့ ဘားဆိုင်းတစ်ဆိုင်ဆီသို့ အသက် 20 အရွယ်ကောင်မလေးနှစ်ယောက် ဝတ်ကောင်းစားလှတွေနဲ့ ရောက်ရှိလာခဲ့ပါတယ် ။

ဆိုင်ဝန်ထမ်းတွေရဲ့ပြောပြချက်အရ အရပ်ရှည်ရှည်နဲ့ ငွေရောင်ခရီးဆောင်အိတ်သည်လာတဲ့ ကောင်လေးတစ်ယောက်ရောက်မလာခင် ကောင်မလေးတွေက သောက်စရာမှာခဲ့ပါတယ် ။ ညနက်လာတော့ ကောင်လေး နှင့် ကောင်မလေးနှစ်ယောက်တို့ဟာ စကားအငြင်းအခုန်ဖြစ်ကြရင်း ကောင်လေးက ငွေရောင်ခရီးဆောင်အိတ်ကိုထားရစ်ပြီး ထွက်ခွာသွားခဲ့ပါတယ် ။

မကြာခင်မှာပဲ ကောင်မလေးနှစ်ယောက်ဟာ အဆိုပါခရီးဆောင်အိတ်ကို ဘားဆိုင်အတွင်းမှာသာ ထားရစ်ခဲ့ပြီးထွက်ခွာသွားခဲ့ကြပါတယ် ။ အဆိုပါခရီးဆောင်အိတ်ကိုဆိုင်ဝန်ထမ်းက မန်နေဂျာဆီသို့အပ်ခဲ့ပြီးနောက်မှ ရဲစခန်းသို့တိုင်ကြားခဲ့တာပါ ။ ရဲအရာရှိတွေရောက်ရှိလာပြီး ခရီးဆောင်အိတ်ကိုထိန်းသိမ်းပြီး ဖွင့်ခဲ့ချိန်မှာတော့ 100 ယွမ်း ငွေစက္ကူများ 2million ယွမ်း ($314,965) ခန့်ပါရှိနေကြောင်း သိရှိရပါတယ် ။ May 7 ရက်နေ့ မနက်ခင်ပိုင်းမှ အဆိုပါကောင်လေးဟာ ဆိုင်သို့ပြန်ရောက်ရှိလာပြီး ခရီးဆောင်အိတ်ပြန်လာရှာခဲ့ပါတယ် ။

ကောင်လေးဟာ ရဲစခန်းဆီသို့သွားရောက်ပြီးစစ်ဆေးခံခဲ့ချိန်မှာတော့ အဆိုပါမိန်းကလေးနှစ်ယောက်ထဲမှတစ်ယောက်ဟာ သူ၏ချစ်သူမိန်းကလေးဖြစ်ကြောင်း ၊ ကောင်မလေးက လမ်းခွဲကြေးအဖိုးအခအနေနဲ့ 5million ယွမ်း ($787,377) တောင်းဆိုခံခဲ့ရတာဖြစ်ကြောင်း ၊ ငွေ 2 million ယွမ်းပဲ ပါလာလို့ အိတ်ကိုသူမတို့ထံထားရစ်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ကောင်မလေးဖက်ကလည်း ‘ သူက ကျွန်မကို 2million ယွမ် ပဲပေးနိုင်မယ်လို့ပြောတယ် ၊ မလိုချင်လို့ ထားခဲ့တာ ၊ အဲ့ကြောင့်သူ့ကိုဖုန်းပြန်ဆက်ပြီး ကျွန်မငွေမယူသွားဘူး အဲ့တော့ ဆိုင်မှာကိုယ့်ကို ငွေပြန်လာယူလို့ပြောလိုက်တယ် ‘ ဆိုပြီး အဖြစ်အပျက်ကိုပြောပြခဲ့ပါတယ် ။ ၎င်းတို့စုံတွဲ၍ ဖြေကြားချက်အကြောင်းအရာတွေကြောင့် ရဲအရာရှိတွေက ဘားမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*