ပိန်တဲ့ Customer တွေကို အစားအစာ နှင့် ဘီယာ အခမဲ့ဆုချမယ်ဆိုပြီးကြေညာခဲ့တဲ့ စားသောက်ဆိုင် (ရုပ်သံ)

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ ကျဉ်မြောင်းတဲ့သံချောင်းအကန့်တွေအကြားတိုးဝှေ့ ဖြတ်သွားနိုင်တဲ့ မည်သူ့ကိုမဆို အစားအသောက်အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ ဆိုင်ပိုင်ရှင် Zhao Lang အမည်ရှိတဲ့ အမျိုးသားရဲ့ပြောပြချက်အရ ယခုလို promotion နည်းလမ်းလုပ်ရတဲ့ရည်ရွယ်ချက်ဟာ လူတွေကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ရည်ရွယ်၍ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

အဆိုပါဆိုင်လေးဟာ တရုတ်နိုင်ငံမှာအတော်လေးကို လူစိတ်ဝင်စားမှုရရှိသွားခဲ့ပါတယ် ။ Zhao ရဲ့ပြောပြချက်အရ ” လူအတော်များများက ဝိတ်မချနိုင်ကြဘူး ၊ ဘာလို့လည်းဆိုတဲ့ သူတို့ကဘီယာသောက်တာကို မရပ်နားနိုင်ကြလို့ပဲ ၊ ဒီနည်းလမ်းလေးက သူတို့တွေကို ကိုယ်အလေးချိန်ထိန်းကျဖို့ သတိရစေအောင်လို့ပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

သံချောင်းအခန့်အကန့်တွေရဲ့ အကျဉ်းအကျယ်တွေပေါ်မှုတည်ပြီး မတူညီတဲ့ discount တွေရှိကြပါတယ် ။ အငယ်ဆုံး 15cm အကျယ်သာရှိတဲ့အကန့်ကို ဖြတ်နိုင်ရင်တော့ စာပွဲတစ်ခုလုံးရဲ့ အစားအစာ နဲ့ beer ကိုအခမဲ့ရရှိမှာပါ ။ 18cm အကန့်ကိုဖြတ်နိုင်ရင်တော့ ဘီယာ 5ပုလင်း free ရမှာဖြစ်ပြီး ၊ 25 cm အကန့်ကိုသာ ဖြတ်နိုင်ရင်တော့ free beer အခွင့်အရေးကိုဆုံးရှုံးရမှာပါ ။

မိန်းကလေးတွေ အတော်များများကသာ အမြင့်ဆုံးဆုရရှိခဲ့ကြတာပါ ။ အနည်းဆုံး တစ်ရက်မှာတစ်ယောက်လောက်ကတော့ အကျဉ်ဆုံးအကန့်ကိုဖြတ်နိုင်လေ့ရှိပြီး ၊ အယောက် 20 ခန့်ကတော့ ဒုတိယအဆင့်အကန့်ကိုဖြတ်နိုင်လေ့ရှိကြောင်းသိရှိရပါတယ် ။ အဆိုပါ promotion campaign ကို လူအများစုက ” metal gate challenge” ဆိုပြီး လူသိများလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*