သဲပြင်ပေါ်မှာလမ်းလျှောက်ရင်းခြေဖဝါးတစ်ခုလုံးအရည်ပျော်ကျမတတ်လောင်ကျွမ်းသွားခဲ့တဲ့ကောင်မလေးရဲ့အဖြစ်က

အသက်၁၇နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ သူငယ်ချင်းတွေနဲ့ကမ်းခြေကိုသွားရင်းကနေအခုလိုထိပ်လန့်စရာဖြစ်အင်နဲ့ကြုံခဲ့ရတာပါပဲ။ သူမရဲ့သူငယ်ချင်းတွေထဲကတစ်ယောက်ဟာ အသားကင်ဖိုကို အသားကင်ဖို့ယူလာရင်းကင်ပြီးစားလို့သောက်လို့အပြီးမှာတော့ တစ်ခါသုံးအကင်ဖိုကို သဲပြင်မှာပဲဖြစ်သလိုချထားခဲ့မိပါတယ်။

ကံမကောင်းချင်တဲ့ ၁၇နှစ်အရွယ်ကျောင်းသူလေးဟာသူ့သူငယ်ချင်းပစ်ချထားပြီး သဲတွေနဲ့ဖုံးနေတဲ့ အသားကင်ဖိုကို တတ်နင်းမိလိုက်မိပါတော့တယ်။နေပူရှိန်ကြောင့်ပူပြင်းနေတဲ့သဲပြင်ပူပူကြီးထဲမှာ အကင်ကင်ထားတဲ့အသားကင်ဖိုပူပူကြီးကိုပါတတ်နင်းလိုက်မိတဲ့မိန်းကလေးခမျာဘယ်လောက်တောင် ပူလောင်နာကျင်မှုကို ခံစားရမလဲဆိုတာတော့ သူ့နေရာကိုတွေးကြည့်ရင်းတောင်ခံစားလို့ရပါတယ်။

အပူရှိန်ရဲ့ပြင်းထန်မှုကြောင့် နာကျင်ခံစားရပြီးခြေထောက်ထောက်ပြီးတောင်လမ်းမလျှောက်နိုင်တော့တဲ့သူမကို သူမသူငယ်ချင်းကောင်လေးတစ်ယောက်ကမချီပြီး ပူလောင်တဲ့နေရာကိုရေနဲ့ဆေးချပြီးနေသာအောင်လုပ်ခဲ့ပေးကာ နီးစပ်ရာဆေးရုံကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ သိပ်ကိုပူလောင်လွန်းတာကြောင့်ခြေဖဝါးကြီးတစ်ခုလုံးဟာ အကင်ကင်ထားတဲ့အတိုင်းကို အရည်ပြားတွေပျော်ကျကာ ကျက်နေတဲ့အသားကင်အလား ရဲတွက်နေတာကိုအခုလိုပုံမှာစိတ်မကောင်းစွာတွေ့မြင်ရမှာပါ။

သတိမထားပဲ ပစ်ချလိုက်မိတဲ့ အကင်ဖိုတစ်ခုကြောင့် မချိမဆန့်နာကျင်ခံစားသွားရတာကိုကြည့်ပြီး နောက်ဆို ဘယ်အရာကိုမှလွယ်လင့်တကူမပစ်မိစေအောင်ထိန်းသိမ်းဖို့တော့ပညာတစ်ခုရသွားကြမှာအသေချာပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*