ကျန်းမာရေးအခြေအနေကို မထောက် ဝမ်းစာအတွက် ဈေးပတ်ရောင်းနေရတဲ့ အမေအို

အသက်ရွယ်ကြီးသူတွေ လမ်းဘေးမှာ ဈေးပတ်ရောင်းနေရတာတို့၊ တောင်းစားနေရတာတို့မြင်ရင် စိတ်မကောင်းသလို တစ်ချိန်တည်းမှာပဲ သူ့ရဲ့မိသားစုဝင်တွေကိုလည်း ဒေါသဖြစ်မိပါတယ်။

Charles Kenneth ဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဟာ အမေအိုတစ်ယောက် ခါးကိုင်းကိုင်းနဲ့ အထုတ်တွေ ၊ ခြင်းတွေသယ်ပြီး ဈေးပတ်ရောင်းနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ ဓာတ်ပုံတစ်ပုံရိုက်ခဲ့မိတယ်။
ဘဝရဲ့အခက်ခဲ ၊ အကြမ်းတမ်းဆုံးအချိန်တွေကို ရင်ဆိုင်နေရတဲ့ တစ်ချို့လူတွေရှိပါတယ်။ ဒီလိုဘဝမျိုးကြောင့် စိတ်ညစ်ပါတယ်လို့ ထိုင်အော်မနေဘူး။ လုပ်စရာရှိတာကို ဆက်လုပ်နေတာပါပဲ။

ဓာတ်ပုံထဲက အဘွားဟာ Puto ဆိုတဲ့ ဖိလစ်ပိုင် ဆန်ကိတ်မုန့်လေးကို မြို့ထဲတစ်ခွင်လိုက်ရောင်းနေတာဖြစ်ပါတယ်။ အဘွားမှာ တစ်နေ့စားဖို့ မရမချင်း ဒီမုန့်တွေကုန်အောင် လှည့်လည်ပတ်ရောင်းနေရတာဖြစ်ပါတယ်။

လမ်းသွားလမ်းလာအချိန်တွေဟာ အသက်ကြီးရင့်နေသူတစ်ယောက်အတွက် အတော်အန္တရာယ်များပါတယ်။ အင်တာနက်သုံးစွဲသူများကတော့ အမေအိုရဲ့မိသားစုဝင်တွေကို ဒေါသထွက်နေပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုအခြေအနေရောက်လာလည်းမသိပေမယ့် လမ်းကြုံရင် အဘွားဆီမှာ သွားအားပေးဖို့ ဓာတ်ပုံဆရာ Charles က သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ အဘွားရဲ့ဓာတ်ပုံနဲ့အတူ တွဲတင်ထားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*