
ကမ္ဘာကြီးကတော့ထူးဆန်းမှုတွေများရုံတင်မကပဲ ရောဂါတွေကလည်း ဆန်းဆန်းပြားပြားတွေရှိလို့နေပါတယ်။ဒီလို ထူးထူးဆန်းဆန်းရောဂါတွေဟာ တကယ့်ကိုရှိနေတာကိုတော့ ပရိသတ်တွေနားလည်စေချင်ပါတယ်။ဒီတစ်ခါမှာတော့ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကတည်းက လူတိုင်းကို မပြုံးပြတက်တော့တဲ့ ရောဂါကို ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်အကြာင်းကိုဖော်ပြပေးလိုက်ရပါတယ်။
Cate Wallwork လို့ အမည်ရတဲ့ အသက်(၅၁)နှစ်အရွယ် အမျိုးသမီးဟာ ပြုံးပြလို့မရတဲ့ ရောဂါကိုခံစားနေရတာပဲဖြစ်ပါတယ်။ဒီရောဂါကတော့ အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါလို့လည်းသိရပါတယ်။သူမဟာ ဒီရောဂါကြောင့် အပြုံးတွေကွယ်ပျောက်သွားခဲ့ပြီးသူမကို လူတွေက အသည်းတော်တော်မာတဲ့သူ အပြုံးလေးတစ်ချက်တောင် မပေးနိုင်တဲ့ သူလို့ ဝေဖန်မှုတွေကိုခံခဲ့ရပါသေးတယ်။
သူမရဲ့ရောဂါကို စမ်းသပ်ကြည့်ရာမှာတော့”Melkersson-Rosenthal syndrome”ရောဂါလို့သိရပြီးဒီရောဂါဟာ အလွန်ရှားပါးတဲ့ ရောဂါဖြစ်ကာ ဒီရောဂါကြောင့် မျက်နှာပြင်ကြွက်သားဟာ သေသွားခဲ့ပြီးရယ်ချင်သော်လည်း ရယ်လို့မရနိုင်ဘူးလို့လည်းသိရပါတယ်။သူမဟာ ယခုလို မပြုံးမရယ်နိုင်တာဟာ နှစ်သုံးဆယ်ရှိနေပြီဖြစ်ပြီးအသက် ၁၇ နှစ်အရွယ်မတိုင်ခင်မှာပင် သူမရဲ့ အရယ်အပြုံးတွေက ပျောက်ကွယ်သွားတာဖြစ်တာလို့သိရပါတယ်။
Leave a Reply