ဘတ်စ်ကားပေါ်က ခရီးသည်နှစ်ယောက်ရဲ့အသံတိတ်တိုက်ပွဲ

ရုရှား အနောက်ပိုင်း Nizhy Novgorodက ဘတ်စ်ကားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ အသံတိတ်တိုက်ပွဲဖြစ်ပါတယ်။ အစပိုင်း အနောက်မှာ ထိုင်နေတဲ့ အမျိုးသားက ပြတင်းပေါက်မှန်တံခါးကို တွန်းဖွင့်လိုက်ပါတယ်။ အဲ့ဒီမှန်တံခါးအောက်မှာ ထိုင်နေတဲ့အမျိုးသမီးက အတင်းပြန်ဆွဲပိတ်တယ်။


အနောက်က လူကလည်းအကြောမခံဘူး။ထပ်ပြီး ဆွဲဖွင့်တယ်.. XD သူတို့ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာ (၄)မိနစ်လောက်ကြာသွားတယ်။ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကတော့ သူတို့ အသံတိတ်စစ်ပွဲဖြစ်နေတာကို ဒီတိုင်းပဲလွတ်ထားတယ်။

ဘာမှလည်း ဝင်မပြောကြဘူး။ကြည့်ရင်း ကြည့်ရင်း ရယ်နေရတယ်။ ကလေးတွေလည်း မဟုတ်တော့ဘူး.. ဘယ်လိုတွေတောင်ကပ်သီးကပ်သပ် ရန်ဖြစ်နေကြတာလဲ ..

Be the first to comment

Leave a Reply

Your email address will not be published.


*