၀က်ခြံတစ်ဖု ညှစ်လိုက်ရသလို ခံစားရမယ့် ကိတ်မုန့်အမျိုးအစား စတင်မိတ်ဆက်

ကိတ်မုန့်တွေဆိုတာကတော့ လူတိုင်းစားဖူး မြင်ဖူးနေကြပုံစံတွေပါဘဲ။သို့သော်လည်း ဒီတခေါက်ပြမယ့် ပုံစံကိုတော့ တော်တော်များများ မမြင်ဖူး မစားဖူး ဖြစ်မှာအမှန်ပါဘဲ။ကယ်လီဖိုးနီးယားက ကိတ်မုန့်ဖုတ်တဲ့ ဆိုင်တစ်ခုကတော့ ရိုးရာ ကိတ်မုန့်ပုံစံကို အနည်းငယ် ရောနှောပြီးတော့ ၀က်ခြံဖုကို ညစ်နေတဲ့ ပုံစံနှင့်တူအောင် ထုတ်လုပ်လိုက်ပါပြီ။တကယ်ကို ၀က်ခြံပုံစံအတိုင်း ထုတ်ထားတဲ့ ကိတ်မုန့်ပါဘဲ။

ဘာလို့လည်းဆိုတော့ ကိတ်မုန့်ရဲ့ အလယ်ကို အနည်းငယ် ညှစ်လိုက်တော့မှ အဝါရောင် လီမွန်အရသာ ခဲလေးဟာ အနီရောင်စင်တာကနေ ထွက်လာမှာ ဖြစ်ပါတယ်။ဒါကတော့ ကျွန်တော်တို့တွေ ၀က်ခြံညှစ်တဲ့ နည်းနဲ့ အတူတူဘဲ မဟုတ်ပါလားခင်ဗျာ။

Rachael Sanchez ဆိုတဲ့ လူကပြုလုပ်ထားတာဖြစ်ပြီးတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ Sandra Lee အတွက်ရည်ရွယ်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ဘာလို့ အဲ့ဒီ  ဒေါက်တာအတွက်ပြုလုပ်ပေးရသလည်းဆိုတော့ အဲ့ဒီဒေါက်တာဟာ Youtube မှာ Dr Pimple Popper လို့ခေါ်တဲ့ ချန်နယ်တစ်ခုကိုအောင်မြင်အောင် ပြုလုပ်ထားနိုင်တာကို ဂုဏ်ပြုတဲ့ အနေနဲ့ဘဲဖြစ်ပါတယ်။

ကဲ ဘယ်သူများ ၀က်ခြံစတိုင်ကိတ်မုန့်စားအုံးမလည်း??

Be the first to comment

Leave a Reply

Your email address will not be published.


*