
Li Kang လို့ခေါ်တဲ့ ရဲသားတစ်ယောက်ကတော့ တကယ်ကိုလေးလမ်းဆုံတဲ့ လမ်းဆုံကြီးကြီးတစ်ခုမှာ ကားကို ရုတ်တရက် ကန့်လန့်ဖြတ်ကြီး ရပ်လိုက်ပါတော့တယ်။ အကြောင်းကတော့ အဲ့ဒီလို လမ်းဆုံကြီးကို ဖြတ်ကူးဖို့အတွက် အဘိုးအိုတစ်ယောက်ဟာ အန္တရာယ်များနေခဲ့လို့ပါဘဲ။
ရဲသားတစ်ယောက်ရဲ့ ဂုဏ်ပုဒ်နှင့် အညီ လုပ်ဆောင်သွားတဲ့ သူ့ရဲ့ လုပ်ရပ်ကတော့ တကယ်ကို ၀မ်းမြောက် စရာကောင်းနေပါတယ်။ဒါ့ကြောင့်လည်း ဒီသတင်းဟာ တရုတ်နိုင်ငံမှာ ဟိုးလေးတကျော်ကျော်ဖြစ်တဲ့ သတင်းများစွာ ထဲက တစ်ပုဒ်အဖြစ်ပါ၀င်သွားခဲ့ပါပြီ။
ဘာမှမထူးဆန်းပေမယ့်လည်း ရဲသားကြီး Li Kang ရဲ့ ပရဟိတစိတ်ကို ဂုဏ်ယူတဲ့ အနေနဲ့ သတင်းအဖြစ် တင်ပြလိုက်ရပါတယ်။
Leave a Reply