လေအေးပေးစက်ပါတဲ့နေအိမ်လေးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးခွေးလေး

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ Roush အမည်ရှိတဲ့ခွေးလေးဟာ ပြီးပြည့်စုံတဲ့နေအိမ်လေးကိုပိုင်ဆိုင်ထားလို့ ကံအကောင်းဆုံးခွေးလေးလို့ ပြောရလောက်အောင်ပါပဲ ။ ဘာလို့လည်းဆိုတဲ့ ခွေးလေးအိမ်ရဲ့ကျောဖက်နံရံမှာ လေအေးပေးစက်ကြီးတစ်ခုပါရှိလို့ပါပဲ ။ ထို့အပြင် အိမ်အမိုးကိုလည်း အပူဒဏ်ခံနိုင်အောင် သစ်သားအုတ်ကြွပ်ပြားကို အသုံးပြုထားပြီး ကြမ်းပြင်ကိုလည်း ညီညာသန့်ရှင်းနေအောင် အုတ်လေးနဲ့လုပ်ထားပေးပါသေးတယ် ။

ခွေးလေးရဲ့ပိုင်ရှင်ပြောပြချက်အရ ‘ ကျွန်တော့်မိဘတွေက အရင်တုန်းကအိမ်မွေးတိရစ္ဆာန်တွေကို မုန်းတဲ့သူတွေပါ ၊ အခုတော့ ခွေးလေးကို ဘုရင်လို ဆက်ဆံပေးနေကြတာပါ ‘ ဆိုပြီး ကံကောင်းလွန်းတဲ့ ခွေးလေး Roush အကြောင်းကို ပြောပြခဲ့ပါတယ် ။

တိုးတက်ဖွံဖြိုးနေတဲ့ နိုင်ငံအချို့ကတောင် နေအိမ်တိုင်းလိုလိုလေအေးစက်အသုံးမပြုနိုင်ကြပါဘူး ။ ခွေးလေးက ကံကောင်းလွန်ပါတယ် ။ အဆိုပါလေအေးပေးစက်မှာလည်း ခွေးလေးရဲ့အမွှေးတွေနဲ့ ကျန်းမာရေးတွေကို ထိခိုက်ပျက်စီးမှုမရှိစေပါဘူး ။ နွေးရာသီမှာ ခွေလေးတွေ ၊ ကြောင်လေးတွေကို အအေးဓာတ်ပေးဖို့လိုအပ်သလို ၊ ဆောင်းရာသီမှာလည်း နွေးနွေးထွေးထွေးထားပေးဖို့ လိုအပ်လွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*