မိုးကြီးမုန်တိုင်းကျနေတုန်း လမ်းဘေးဆိုင်လေး မပြိုပျက်သွားအောင် အတင်းရုန်းကန်နေခဲ့ရတဲ့ အမျိုးသား (ရုပ်သံ)

လမ်းဘေးဈေးဆိုင် ၊ စားသောက်ဆိုင်လေး ဖွင့်ရတာက တကယ်တန်းတော့ လုံးဝကိုမလွယ်ကူတဲ့အလုပ်တစ်ခုပါပဲ ။ ဒီတစ်ခေါက်မှာလည်း လမ်းဘေးဆိုင်လေးတစ်ဆိုင်ဟာ မိုးကြီးမုန်တိုင်းကျနေတုန်း ဆိုင်လေးလွင့်ထွက်ပြိုပျက်သွားတာမျိုး မဖြစ်ရလေအောင် ဆိုင်ရှင်အမျိုးသားက အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ရတဲ့ ရုပ်သံဟာ Twitter စာမျက်နှာပေါ်မှာ ပျံ့နှံ့လို့ရှိနေပါတယ် ။

Video ထဲမှာမြင်တွေရတဲ့အတိုင်း လေပြင်းထန်စွာတိုက်ခိုက်နေပေမဲ့ ဆိုင်ရှင်အမျိုးသားကတော့ လုံးဝလက်မလျှော့ခဲ့ပါဘူး ။ အဆိုပါ video လေးဟာ 17စက္ကန့်သာကြာမြင့်ခဲ့ပေမဲ့လည်း ပြန်လည်ဝေမျှသူအများအပြားရှိခဲ့ပါတယ် ။

အဆိုပါ video ကအတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ လူအများက ဝင်ရောက်ကူညီမှုမရှိဘဲvideo သာရိုက်ကူးခဲ့သူကိုပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။ အချို့သောသူများကလည်း လမ်းဘေးဆိုင်ဖွင့်ခဲ့ဖူးလို့ အဆိုပါအဖြစ်အပျက်မျိုးမကြာခဏကြုံဖူးလေ့ရှိကြောင့် ၎င်းတို့ရဲ့ခံစားချက်ကို comment မှာရေးသားခဲ့ကြပါတယ် ။

ဒါကြောင့်ပိုက်ဆံရှာဖို့ ဘာအလုပ်ပဲလုပ်လုပ် မလွယ်ကူလို့ အခြားဈေးသည်တွေအပေါ် အလွန်အမင်းဈေးဆစ်တာမျိုးမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*