စာရင်းကိုင်ဝန်ထမ်း အိပ်ငိုက်ရာမှ ဘဏ်ပိုင်ဆိုင်မှုငွေကြေး ဒေါ်လာ သန်း ၂၀၀ ကျော် မှားယွင်းပြီးလွှဲမိ

ကွန်ပျူတာ ခလုတ်နှစ်ခုမှားယွင်းပြီး နှိပ်မိရာကနေ ဒေါ်လာ သန်း နဲ့ချီပြီးဆုံးရှုံးသွားခဲ့ရတဲ့ အံ့သြစရာကောင်းတဲ့အဖြစ်တစ်ခု ဂျာမနီ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘဏ်ကကွန်ပြူတာ စာရင်းကိုင် အလုပ်သမားတစ်ဦးက ရုံးသုံးကွန်ပျူတာပေါ် အိပ်ငိုက်သွားမိခဲ့ရာမှ ခလုတ်တွေကို ဖိမိခဲ့သွားပြီးတော့ ဘဏ်ငွေတွေသန်းနဲ့ချီကတခြား ပြင်ပသို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ငွေလွှဲတန်ငွေကြေး ၆၂ ဒေါ်လာလွှဲရမှုအစား မှားယွင်ပြီး အခြားငွေ စာရင်းသို့ ဒေါ်လာ သန်း ၂၀၀ ကျော်ကို လွှဲလိုက်မိတာပဲ ဖြစ်ပါ တယ်။ ခေါင်းငိုက်စိုက်ကျပြီး ၂ ဂဏာန်းပေါင်းများစွာကို နှိပ်လိုက် မိခြင်းပဲဖြစ်ပါတယ်။

ဒီမတော်တဆမှုအတွက် ဘဏ်မှာငွေကြေးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ တာကြောင့် တာဝန်ရှိသူ နှစ်ဦးကို အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။ တရားရုံးတော်တရားစွဲဆိုမှုမှာလည်း အမှန်တကယ် တာဝန်ရှိတဲ့ ဝန်ထမ်းကို အလုပ်ကထုတ်ပယ်ခွင့်ပြုသင့်တယ်လို့လည်း ဆုံးဖြတ် ပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*