ဆိုင်မှာသွားစားရင်း ခေါက်ဆွဲပန်းကန်ထဲ ပိုးဟပ်ပါလာလို့ ငိုရမလိုဖြစ်ခဲ့တဲ့အမျိုးသမီး

တစ်ခါတစ်လေ ခေါက်ဆွဲကြိုက်တတ်တဲ့သူတွေအဖို့ ခေါက်ဆွဲတစ်ပွဲကိုအားရပါးရ ပူပူစပ်စပ်လေးစားရရင်ဖြင့် စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ ။ သို့ပေမဲ့ အဆိုပါစားသောက်ဆိုင်က သန့်ရှင်းသပ်ရပ်မှုမရှိရင်တော့ ခေါက်ဆွဲစားချင်စိတ် တစ်သက်လုံးပျောက်သွားပါလိမ့်မယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာရှိတဲ့ ခေါက်ဆွဲကောင်းကောင်းလေးရနိုင်တဲ့ Kopitiam ဆိုတဲ့ဆိုင်ကို Ling Yean ဆိုတဲ့အမျိုးသမီးက သွားရောက်စားသောက်ခဲ့ပါတယ် ။ ခေါက်ဆွဲအရသာကောင်းပေမဲ့ ဆိုင်ကသန့်ရှင်းသပ်ရပ်မှုက အတော်လေးကိုညံ့ပြီးဆိုးဝါးလွန်းတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ သူမမှာယူစားသောက်ခဲ့တဲ့ ခေါက်ဆွဲပန်းကန်ထဲမှာ ပိုးဟပ်ကြီးတစ်ကောင်ပါလာလို့ပါပဲ ။

‘ ဧရာမပိုးဟပ်ကြီးကို ကျွန်မခေါက်ဆွဲပန်းကန်လုံးထဲမှာတွေ့ခဲ့တယ် ၊ ပြန်အန်ထွက်တော့မလို့ပဲ ၊ အဲ့ ကော်ဖီဆိုင်ကတော်တော်ညစ်ပတ်တာပဲ ၊ အဲ့ဆိုင်မှာစားမယ်ဆိုရင်တော့ နှစ်ကြိမ်လောက်တော့ပြန်စဉ်းစားရမယ် ‘ ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ဓာတ်ပုံနှင့်တကွ ဝေမျှခဲ့ပါတယ် ။

ဓာတ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ပိုးဟပ်ဟာအတော်လေးကြီးလွန်းပြီး ၊ ခြေလက်မပျက်ရှိနေတုန်းပါပဲ ။ ဒါကြောင့် အပြင်ဆိုင်မှာ ဘာပဲစားစား ကိုယ့်ရဲ့ပန်းကန်ထဲက အစားအစာကိုသေချာကြည့်ပြီးမှ စားဖို့ မှာလိုက်ပါရစေ ။ ကံကောင်းရင်တော့ မစားခင် ပန်းကန်ထဲမှာပိုးဟပ်ရှိ ၊ မရှိ သတိထားမိလိုက်မှာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*