သားဖြစ်သူအလုပ်ရဖို့အရေး မဆိုင်တာတွေလုပ်မိသွားတဲ့ဖခင်ကြီးရဲ့ဖြစ်အင်က

မိဘဆိုတော့လည်း နော်…သားသမီးအတွက်ဆို ဘာလုပ်ပေးရမလဲပဲတွေးနေတတ်ကြတာ..တစ်ခါတစ်ရံလည်းဒီလိုစေတနာအလွဲလေးတွေဖြစ်တတ်ကြတာမဆန်းပါဘူးလေ။သားတစ်ယောက်ရဲ့ဖခင်တစ်ဦးက အရွယ်ရောက်နေပြီဖြစ်တဲ့သူ့သားရဲ့ပျင်းရိမှုကို မနှစ်သက်တာကြောင့်သူ့သားရဲ့ ပညာနဲ့သင့်တော်မဲ့အလုပ်အကိုင်လေးကို လိုချင်ပါတယ် အရေးကြီးလှပါတယ်ဆိုပြီး၉၉၉ (အရေးပေါ် နံပါတ်) ကိုခေါ်ဆိုခဲ့တယ်လို့သိရပါတယ်။

၉၉၉ က ဝန်ထမ်းတစ်ဦးက ဖုန်းကိုကိုင်လိုက်ပြီး ဖခင်ဖြစ်သူရဲ့သူ့သားအတွက်ကိုက်ညီတဲ့အလုပ်ရှာပေးဖို့ကိစ္စကိုနားထောင်လို့အပြီးမှာတော့ သားဖြစ်သူအတွက်အလုပ်အကိုင်လိုချင်ရင် ဒီကိုဖုန်းဆက်တာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်းပြန်လည်းဖြေသိမ့်ပြီးပြောဆိုခဲ့တယ်လို့သိရပါတယ်။ ၉၉၉ ဆိုတာ သိပ်ကိုအရေးကြီးတဲ့သေရေးရှင်ရေး မှုခင်းကိစ္စတွေနဲ့ပတ်သတ်ပြီး အရမ်းကိုအသည်းအသန်ဖြစ်နေမှခေါ်ရမဲ့ နံပါတ်တစ်ခုပါ။

ဒါတွေကိုတစ်ခုသူတွေက သူတို့အတွက်သိပ်အရေးကြီးတယ်လို့ခံစားရတဲ့ သေရေးရှင်ရေးမဟုတ်တဲ့ကိစ္စတွေအတွက်ပါ ဖုန်းလှမ်းဆက်ပြီး အကူညီတောင်းကြတာမျိုးတွေရှိတယ်လို့ ၉၉၉ ကဝန်ထမ်းတစ်ဦးကပြောကြားခဲ့ပါတယ်။ဖခင်ဖြစ်သူူရဲ့သားအတွက်အလုပ်လိုချင်လို့ဆက်ခဲ့တဲ့ ကိစ္စဟာ အွန်လိုင်းမှာ ပြန့်နှံ့သွားပြီး နာမည်ကြီးသွားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ လူတစ်ယောက်ကအွန်လိုင်းမှာ အခုလိုဝင်ရောက်ရေးသားထားတာတွေ့ရပါတယ်”

ကျွန်တော်ငယ်ငယ်တည်းက ကျွန်တော်သိတဲ့၉၉၉ ဆိုတာ အရေးကြီးကိစ္စရှိတာနဲ့ခေါ်ရမယ့်နေရာလို့ အဖေကပြောခဲ့လို့အခုအသက်၄၃နှစ်အရွယ်ထိဒီလိုပဲ စိတ်ထဲ မှတ်ထားမိနေတာပါ ၊ ဒါကြောင့်အခုလိုဖခင်တစ်ဦးရဲ့အမှားကလည်း ရယ်စရာကောင်းပင်မဲ့ကျွန်တော်လိုလူမျိုးအတွက်ကတော့ကိုယ်ချင်းစာနားလည်နိုင်တယ်” ဆိုပြီးအကောင်းမြင်တဲ့ဘက်ကရေးသားအားပေးခဲ့ပါတယ်။ တစ်ချို့လူတွေကြပြန်တော့လည်း အရေးမပါပဲ ၉၉၉ ကိုခေါ်ခဲ့တာကြောင့် တစ်ခြားအရေးကြီးခေါ်နေတဲ့သူတွေအဖို့ အနှောက်ယှက်ဖြစ်သွားစေနိုင်တယ်ဆိုပြီးပြစ်တင်ရှုံ့ ချတာမျိုးတွေလည်းရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် သားအတွက် စေတနာထားလုပ်ရင်း မရည်ရွယ်ပဲရယ်စရာကောင်းသလိုဖြစ်သွားတဲ့ ဖခင်ကြီးကိုတော့ အပြစ်မတင်ရက်တော့ပါဘူး…

 

Be the first to comment

Leave a Reply

Your email address will not be published.


*