အိမ်ထောင်ပြု ပြီး ၂နှစ်ကြာမှ အိပ်ခန်းထဲကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့တဲ့ အမျိုးသမီး

ပေါင် ၉၀၀ ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ သူမရဲ့ အိပ်ခန်းကနေ ပထမဆုံးအကြိမ် အနေနဲ့ ထွက်လာခဲ့ပါတယ်။ ဒါဟာ သူမလက်ထပ်ပြီး ၂နှစ် အကြာမှာ ပထမဆုံးအကြိမ်အနေနဲ့ ထွက် ခဲ့ခြင်း ဖြစ်ပြီး အဲဒီလို ထွက်နိုင်ဖို့အတွက် မီးသတ်သမားတွေက အိမ်နံရံကို ဖြိုချ ဖျက်ဆီးပြီး ကူညီခဲ့ရပါတယ်။

ရှာရွန်လို့ အမည်ရတဲ့ အသက် ၅၄နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်လာဖို့ အတွက်နဲ့ သူမရဲ့ ဘဝကို ပြောင်းလဲ ဖို့ရာ အတွက် အခုလို ထွက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အော်ရီဂွန် ပြည်နယ်၊ ယူဂျင်း မှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်သူများဟာ သူမကို အိပ်ခန်းကနေ ဧည့်ခန်းကို ပြောင်းရွေ့နိုင်ဖို့ အတွက် ၆လတာ ပြင်ဆင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ဆောက်လုပ်ရေး သမားတွေ၊ မီးသတ်သမားတွေက ရှာရွန်ရဲ့ အိမ်နံရံတွေကို ဖျက်ပြီး သူမကို သယ်ဆောင်ဖို့ အတွက် လုပ်အားပေး ကူညီခဲ့ကြပါတယ်။

အိမ်နံရံကို ဖျက်ပြီး အပေါက်ဖောက်ကာ သူမကို ကုတင်ပေါ်ကနေ ထလော်ရီပေါ်တင်ပြီး ပန်းခြံထဲကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ ဈေးကြီးတဲ့ ဝန်ဆောင်မှုတွေကို သုံးပြီး ဝိတ်ချဖို့ထက် ရှာရွန်ကတော့ သူမရဲ့ ဧည့်ခန်းမှာ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီး ကိုယ်အလေးချိန် လျှော့ချချင်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ပတ်ဝန်းကျင်က သူတွေကလည်း ဝိုင်းဝန်းပြီး အားပေးကူညီခဲ့တာကြောင့် အခုဆိုရင် သူမဟာ အိပ်ခန်းကနေ ဧည့်ခန်းကို ပြောင်းရွှေ့နိုင်ခဲ့ပြီး မကြာခင်မှာ သူမရဲ့ ကိုယ်ကာယလေ့ကျင့်မှုတွေ စတင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*