
ကမ္ဘာကျော် သူဋ္ဌေးကြီးဘီလ်ဂိတ်ကတော့ ခြင်တွေကို မျိုးသုဉ်းပျောက်ကွယ်စေမယ့် စီမံကိန်းကိုထောက်ပံ့ဖို့အတွက် အမေရိကန်ဒေါ်လာ ၄သန်းကို လှူဒါန်းလိုက်ပီပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဗြိတိန်နိုင်ငံအခြေစိုက် Oxitec ကုမ္ပဏီက မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အထီးတွေ ဖန်တီးမှာဖြစ်ပြီး ပြင်ပလောကထဲက ခြင်အမတွေနဲ့ မိတ်လိုက်စေမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာ မျိုးရိုးဗီဇမြင့်ထားတဲ့ ခြင်အထီးတွေဟာ အပြင်ဘက်မှာရှိတဲ့ ခြင်မတွေနဲ့ မိတ်လိုက်မှာ ဖြစ်ပြီး ပေါက်ဖွားလာမယ့် ခြင်လေးတွေဟာ အချိန်မတိုင်ခင်မှာ ပဲ သေဆုံးသွားမှာပဲ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ခြင်တွေဟာ အရွယ်ရောက်မှ သာ ကိုက်နိုင်တာ ဖြစ်တာပြီး အခုလို အရွယ်မရောက်ပဲ သေဆုံးသွားခဲ့မယ်ဆိုရင် မကြာခင်မှာ ခြင်မျိုးတုန်းနိုင်တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဘီလ်ဂိတ်ဟာ Oxitec ကုမ္ပဏီအတွက် အရင်ကတည်းက ထောက်ပံ့နေခဲ့တာ ဖြစ်ပြီး ၂၀၁၀ခုနှစ်တုန်းကလည်း ဒီလိုခြင်တွေကို မျိုးတုန်းမယ့်စီမံကိန်းကို ကမကထပြုလုပ်ဖို့အတွက် ဒေါ်လာ၅သန်း လှူဒါန်ဒခဲ့သေးတယ်လို့လည်း သိရပါတယ်။ ကမ္ဘာအနှံ့အပြားမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် လူတော်တော်များများ ရဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျန်းမာရေး စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Leave a Reply