
ကျွန်တော်တို့ခေတ်တုန်းကသာ ကျောင်းမှာ ရည်းစားမထားရဘူး၊ ဘာညာစတဲ့ စည်းကမ်းတွေကို လေးလေးနက်နက်ကြီး လိုက်နာခဲ့ရပေမယ့်လို့ အခုခေတ်မှာတော့ ရည်းစားထားတယ်ဆိုတာ သူငယ်တန်းကလေးလေးတွေကအစ လုပ်လာခဲ့ကြပါပြီ။ ဒါကိုလည်း မိဘတွေက ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေဆိုပြီး အသိမှတ်ပြုသလိုပဲ ဆရာ၊ ဆရာမတွေကလည်း လွှတ်ထားပေးနေခဲ့ပါတယ်။ ၂၁ ရာစုရောက်ပြီကို..
ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ တိုကျိုမှာတော့ ဒီကိစ္စကို တော်တော်လေးကို ကြီးလေးတဲ့ပြစ်ဒဏ်တစ်ခု ချမှတ်လိုက်ခဲ့ပါတယ်။ Sora News 24 မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
Horikoshi အထက်တန်းကျောင်းမှာပါတဲ့။ အထူးသဖြင့် မိန်းကလေးတွေ ရည်းစားထားတာကို မိရင် ကျောင်းက အပြစ်ကို ပိုပေးလေ့ရှိပါတယ်တဲ့။ အဲဒီအထဲ အတက်တန်းကျောင်းသူလေးတစ်ယောက်လည်း ပါသွားခဲ့ပါတယ်။ သူမကတော့ ရည်းစားထားတာ မိသွားလို့ဆိုပြီးတော့ အထက်တန်းကျောင်းကနေပြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ စာသင်နှစ်လည်းမပြီးသေး၊ နောက်ပြီး ကျောင်းက ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံသွင်းထားတာတွေလည်းဆုံး၊ ကျောင်းလည်း ပြန်တက်မရနဲ့ တော်တော်လေးကို ဆုံးရှုံးသွားခဲ့ပါတယ်တဲ့။
ဒါကြောင့် ဒီလိုမျိုး လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရတဲ့ Horikoshi အထက်တန်းကျောင်းကို အမည်မဖော်လိုတဲ့ ကျောင်းသူလေးဟာ တရားစွဲဆိုခဲ့ကြောင်း SoraNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဓိကကတော့ ဆုံးရှုံးနစ်နာကြေးအနေနဲ့ ယန်း ၃.၇ သန်းလိုချင်တယ်ဆိုပြီး စွဲဆိုခဲ့တာပါ။
Leave a Reply