
မကြာခင်မှာ ကျရောက်လာတော့မယ့် ချစ်သူများနေ့အတွက် ပစ္စည်းမှာတာ၊ စီစဉ်တာတွေကို အခုကတည်းကိုက ကြိုပြီး လုပ်နေခဲ့ကြပါပြီ။ ချစ်သူများနေ့ဆိုတော့ ပန်းစည်းလေးတွေ၊ ချောကလတ်တွေအပြင် အခုနောက်ပိုင်း ခေတ်စားလာတာကတော့ ကိတ်မုန့်လေးတွေ ပေးတာမျိုးပေါ့နော်။
World of Buzz ရဲ့ ဖော်ပြချက်အရ မလေးရှားက အမျိုးသားတစ်ယောက်ကတော့ ကိတ်မုန့်ဆိုင်လေးတစ်ခုကို အွန်လိုင်းကနေပြီး အထူးအဆန်းအနေနဲ့ အော်ဒါလာတင်ခဲ့ပါတယ်တဲ့။ အဲဒါကတော့ တစ်ယောက်တည်းနဲ့ ကိတ်မုန့် ၅ လုံးမှာခဲ့တာပါ။
ဆိုင်နာမည်ကတော့ Pandora Cake House ပါတဲ့။ We Chat မှ တစ်ဆင့် message ပို့ထားခဲ့တာဖြစ်ပြီးတော့ လာမှာတဲ့ ပုံစံကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အတွက် ကိတ်မုန့် ၅ လုံးမှာချင်ပါတယ်တဲ့။ ကိတ်မုန့် ၅ လုံးကိုလည်း တစ်လုံးစီကို မတူညီတဲ့နေရာတွေကို ပို့မှာပါတဲ့။ ကျွန်တော့်မှာ ကောင်မလေး ၅ ယောက်ရှိတော့ ကိတ်မုန့်ပေါ်မှာ ရေးမယ့်စာတွေကိုတော့ အသေးစိတ် သေချာလေး ပို့လိုက်ပါ့မယ်ဆိုပြီး ပြောထားခဲ့တာပါ။
ဒါကို screenshot ပြီးတော့ Facebook မှာ ပြန်တင်ရင်းနဲ့မှ လူတွေရဲ့အာရုံစူးစိုက်မှုကို ခံခဲ့ရပါတယ်။ တစ်ချို့လူတွေရဲ့ comment ကတော့ သနားဖို့တောင်ကောင်းတယ်။ ချစ်သူများနေ့ဆိုတာနဲ့ မသက်ဆိုင်တာ ငါတစ်ယောက်တည်းလားတဲ့။ ဒါပေမဲ့ “Dear Baby, due to the pandemic I can’t celebrate Valentine’s Day with you again. Hope our love will be as sweet as this cake.” ဆိုတဲ့စာကိုတော့ အကုန်လုံး အတူတူရေးပေးပါတဲ့။
Leave a Reply