ပူစပ်ပါတယ်ဆိုတဲ့ငရုတ်သီးအနီတောင့်တွေအပြည့်စိမ်ထားတဲ့ရေထဲမှာစိမ်ဖို့ဆိုတာ နည်းတဲ့သတ္တိလား

တရုတ်နိုင်ငံမှာ ငရုတ်သီးအနီတောင့်တွေနဲ့ရေစိမ်ချိုးတဲ့စိန်ခေါ်မှုတစ်ခုလုပ်ခဲ့ပါတယ်တဲ့။အဆန်းကြီးတွေ။


ဇူလိုင်လ ၇ရက်နေ့က တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊Chongqing မြို့မှာ နေထိုင်သူတွေက စိန်ခေါ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ငရုတ်သီးတောင့်တွေစိမ်ထားတဲ့ရေထဲမှာစိမ်ခဲ့ကြတာဖြစ်ပါတယ်။ငရုတ်သီးအနီတောင့်တွေကလည်းအပြည့်၊ရေတွေကလည်းအပြည့်နဲ့ ပူစပ်လိုက်မယ့်ဖြစ်ခြင်း။

တရုတ်နိုင်ငံသူနိုင်ငံသားတွေက အစပ်အရမ်းစားနိုင်တယ်၊သူတို့ရဲ့နေ့စဉ်စားသောက်မှုပုံစံမှာ ငရုတ်သီးအစပ်မပါရင်မပြီးဘူးဆိုပြီးနာမည်ကျော်ကြားတာပါ။


ဒီပြိုင်ပွဲမှာဆိုရင် ပူစပ်ဆုံးဆိုတဲ့ငရုတ်သီးအမျိုးအစားလေးမျိုးပါဝင်ခဲ့တယ်လို့သိရပြီး အဲ့ဒီရေထဲမှာ ငါးမိနစ်ထက်ပိုပြီးကြာကြာနေနိုင်သူ အနီရောင်ဝိုင်တစ်လုံးအနိုင်ရရှိမှာဖြစ်ပါတယ်တဲ့။


ဒီလိုမျိုးပြိုင်ပွဲစီစဉ်ကျင်းပပေးတဲ့သူတွေကလည်း ဒီပြိုင်ပွဲလုပ်ရခြင်းအကြောင်းက water park ကိုလာတဲ့ကတ်စ်တန်မာတွေဆီကနေ သူတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတေ့ွရတဲ့အတွေ့အကြုံတွေ၊အကောင်းမြင်မှုတွေတိုးတက်လာစေဖို့ရည်ရွယ်တယ်လို့လည်းပြောခဲ့ပါတယ်။ပုံတွေကိုကြည့်လိုက်ပါဦး သူတို့အစား ကိုယ်တောင်စပ်လာသလိုပဲ

 

Be the first to comment

Leave a Reply

Your email address will not be published.


*