လှချင်လို့ သွားပြင်ရာမှ ခြေသည်းတစ်ဖက်ပါ ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်

အခုနောက်ပိုင်း ခေတ်စားလာတဲ့ အလှပရေးရာလောကမှာ ငါးသေးသေးလေးတွေနဲ့ ခြေထောက်ကိုသန့်ရှင်းကိုလုပ်တဲ့ ကုထုံးဟာ တော်တော်နာမည်ကြီးနေပါတယ်။ အဲ့ဒီငါးလေးတွေက ခြေထောက်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားရည်ကိုပိုကောင်းလာစေတယ်လို့ သိရပါတယ်။

အင်္ဂါနေ့က JAMA Dermatology ဂျာနယ်အရ အသက်၂ဝ ဝန်းကျင် အမည်မသိ အမျိုးသမီးတစ်ဦး fish pedicure ကြောင့် ခြေထောက်အရေပြားတွေ မွစာကြဲပြီး စုတ်ပြတ်သတ်ကုန်တယ်လို့ သိရပါတယ်။

fish pedicure ကြောင့် အရေပြားတွေ ဖွာလန်ကြဲကုန်တဲ့ လူနာမျိုး ဒါပထမဆုံးပဲလို့ Weill Cornell က ကိုလံဘီယာ တက္ကသိုလ်မှ အရေပြားရောဂါ ပါမောက္ခလက်ထောက် Dr.Lipner ကပြောပြခဲ့ပါတယ်။ အရမ်းစိုးရိမ်ရတဲ့အခြေအနေမိုလို့ အမေရိကန်က ပြည်နယ် ၁ဝခုမှ ဒီကုထုံးကိုပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။


” fish pedicure ကိုမလုပ်ဖို့ တားမြစ်ချင်ပါတယ်။ ခြေထောက်အသားရေ သန့်ရှင်းချင်ရင် အခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ငါးကနေတစ်ဆင့် မသိနိုင်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်နိုင်တာမို့ မလုပ်တာအကောင်းဆုံးပါ ” – Dr.Lipner

ထိုအမျိုးသမီးရဲ့ ခြေသည်းတွေပြန်ထွက်လာဖို့တော့ ရှိပါတယ်။ ဒါပေမယ့် နဂိုတိုင်းခြေထောက်ပြန်ကောင်းဖို့က ၁၈လလောက်ပြန်စောင့်ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းကို အခြားနေရာတွေမှာလည်း အသုံးပြုနေတယ်ဆိုရင် အန္တရာယ်ရှိကြောင်းသတိပေးဖို့ ဒေါက်တာက ပြောထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*