ကောင်မလေးကို ငှက်ပျောသီးပန်းစည်းနဲ့ ချစ်ခွင့်ပန်ခဲ့တဲ့အမျိုးသားရဲ့ နောက်ကြောင်းက ဒီလိုပါတဲ့လ

ကောင်မလေးတွေကိုချစ်ခွင့်ပန်ရင် ပိုက်ဆံပန်းစည်းလေးတွေ ၊ ကောင်မလေးတွေကြိုက်နှစ်သက်မဲ့အရာလေးတွေနဲ့ ချစ်ခွင့်ပန်ကြပေမယ့်လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့ ချစ်ခွင့်ပန်တဲ့ပုံစံဟာ ထူးခြားလွန်းလို့ social media ပေါ်မှာရေပန်းစားနေလျက်ရှိပါတယ် ။

အကြောင်းကတော့ လူစည်းကားလွန်းလှတဲ့ shopping center တစ်ခုမှာ ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေခဲ့တဲ့ ကောင်မလေးကို ချစ်ခွင့်ပန်ခဲ့တာပါ ။ အဆိုပါကောင်လေးက ကောင်မလေးအနားရောက်လာပြီး ” ငါနင့်အတွက် အထူးလက်ဆောင်ယူလာတယ် ၊ ပြီးတော့ ငါနင့်ကိုဝန်ခံချင်တယ် ၊ ငါနင့်ကို တစ်ဖက်သတ်ချစ်နေခဲ့တာ အတော်လေးကိုကြာနေပြီ ၊ နင် ငှက်ပျောသီးကြိုက်မှန်းသိလို့ ငါမင်းအတွက်အထူးအနေနဲ့ လုပ်လာပေးတာ ” ဆိုပြီး ကောင်မလေးထံ ငှက်ပျောသီးပန်းစည်းပေးကာ ဒူးထောက်ပြီး ချစ်ခွင့်ပန်ခဲ့တာပါ ။

ကောင်မလေးကတော့ လူဝိုင်းကြည့်တာခံနေရလို့ အတော်လေးကိုရှက်နေပုံရပြီး ငြင်းဆန်နေခဲ့ပေမဲ့လည်း ၊ ကောင်လေးကတော့ သူ့ကိုလက်မခံပေးလို့ဆိုပြီး ကြမ်းပြင်ပေါ်ထိုင်ချကာ ကလေးတစ်ယောက်လိုစိတ်ဆိုးဒေါသထွက်ပြခဲ့ပါတယ် ။ ကောင်လေးက” နင်ငါ့ကို ချစ်တယ်လို့ မပြောမချင်း ငါမထနိုင်ဘူး ” ဆိုပြီး စိတ်ဆိုးဒေါသထွက်ပြခဲ့လို့ ကောင်မလေးဟာ စိတ်မထိန်းနိုင်လောက်အောင်ရှက်လွန်းပြီး အကြီးအကျယ်ဒေါသထွက်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက် video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး လူအတော်အများက ” ငှက်ပျောသီးပန်းစည်း ” ဆိုပြီး ဟာသနှောပြီး ကောင်လေးကိုနောက်ပြောင်ခဲ့ပါတယ် ။ အဆိုပါကောင်လေးကတော့ “လူတစ်ယောက်ကိုချစ်မိရင် အခြားသူတွေကိုယ့်ကိုဘယ်လိုတွေးထင်နေမလဲဆိုတာ သတိထားမိမှာတောင်မဟုတ်ဘူး ” ဆိုပြီးပြောဆိုကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*