တက္ကစီမောင်းသူတွေအပေါ် အဆိုးမြင်နေတဲ့လူတွေရဲ့စိတ်ကို တတ်နိုင်သလောက်ကြိုးစားပြောင်းလဲခဲ့တဲ့ ဖိလစ်ပိုင်ဦးလေးကြီး

အခုနောက်ပိုင်းမှာ ခရီးသည်တွေက ပိုပြီးစိတ်ချယုံကြည်ရတဲ့ Grab တို့၊Uber တို့ကိုငှားစီးလာကြပါပြီ။ပြင်ပတက္ကစီတွေကတော့ တစ်ခုခုဆိုရင်ဘာမှပြောလို့မရဘူး၊တာဝန်ယူခိုင်းလို့မရဘူး၊အန္တရာယ်များတဲ့ဆိုတဲ့စိတ်တွေနဲ့ တော်ရုံငှားမစီးကြတော့ပါဘူး။တကယ်လည်း စိတ်မချရတဲ့တက္ကစီသမားတွေ၊ခရီးသည်ကိုမချေမငံဆက်ဆံတဲ့တက္ကစီမောင်းသူတွေရှိနေတာပါပဲ။

ဒါပေမဲ့ ရိုးသားကြိုးစားပြီးစိတ်ချရတဲ့တက္ကစီမောင်းသူတွေရှိနေသေးတယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။အွန်လိုင်းမီဒီယာတွေမှာ ပြင်ပတက္ကစီမောင်းသူအမျိုးသားရဲ့အပြုအမူတစ်ခုကလည်း ရေပန်းစားနာမည်ကြီးခဲ့တယ်လို့သိရပါတယ်။


Taguig မြို့လေးက Greg Laude ဆိုတဲ့အမျိုးသားအကြောင်းကို ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်က ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။သူမက Grab ကားကိုခေါ်ထားတဲ့အချိန်မှာ ထိုအမျိုးသားရဲ့တက္ကစီရှိနေတာကိုသတိထားမိခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီနားမှာရှိတဲ့လူတွေက တစ်ယောက်မှ ထိုတက္ကစီကိုငှားရမ်းတာမတွေ့ခဲ့ရပါဘူး။သူတို့လည်း Grab ကိုစောင့်နေကြပုံပါ။အဲ့ဒီနောက် သူမက ထိုတက္ကစီကိုငှားလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တဲ့။


ထူးခြားမှုတစ်ခုကတော့ သူမ ထိုတက္ကစီပေါ်တက်လိုက်တဲ့အချိန် ကားကြမ်းပြင်မှာ နှင်းဆီပန်းပွင့်အကြွေတွေအများကြီးတွေ့ရပါတယ်။အဲ့ဒါနဲ့ကားမောင်းသူကိုမေးကြည့်တဲ့အခါ သူကဘာမှမပြောပဲ နှင်းဆီပန်းတစ်ပွင့်သာကမ်းပေးခဲ့ပါတယ်တဲ့။သူမလည်းဘာမှထပ်မမေးတော့ပဲ ပြုံးပြီးကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်လို့ Subang အမည်ရှိကားငှားစီးသူအမျိုးသမီးကပြောပြခဲ့ပါတယ်။


ပြီးတော့မှ ကားမောင်းသူအမျိုးသားက သူတစ်နေ့ကိုနှင်းဆီပန်းအပွင့် ၅၀နီးပါးဝယ်ထားပြီး အခုလိုပဲခရီးသည်တွေကိုပေးတာလို့ပြောပြခဲ့ပြီး အခုလိုနှင်းဆီပန်းပေးရတာက သူ့လိုပဲ ရိုးသားပြီးလိုရာအရပ်ကိုလုံခြုံစွာပို့ပေးနိုင်တဲ့တက္ကစီမောင်းသူတွေရှိနေသေးတယ်ဆိုတာ ခရီးသည်တွေကိုပြသချင်တဲ့အတွက်ကြောင့်ပါတဲ့။အပြင်တက္ကစီသမားတွေအပေါ်မြင်တဲ့လူတွေရဲ့စိတ်ကိုအနည်းငယ်လောက်ပြောင်းလဲပေးချင်တဲ့အတွက်ကြောင့်လို့ပြောပြခဲ့ပါတယ်။အခုလို ရိုးသားတဲ့တက္ကစီမောင်းသူတွေရှိနေသေးတယ်ဆိုတဲ့အကြောင်းကို ထိုအမျိုးသားက အားလုံးကိုယ်စားပြသပေးလိုက်တာပဲဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*