ကံဆိုးမိုးမှောင်ကျမှာကြောက်လို့ နှစ်ပေါင်း80ခန့် ဆံပင်လုံးဝမညှပ်ဘဲ နေထိုင်ခဲ့တဲ့ 92နှစ်အရွယ်အဘိုးအို (ရုပ်သံ)

ဗီယက်နမ်နိုင်ငံ ၊ Mekong Delta ဒေသရဲ့တောင်ဖက်ပိုင်းမှာနေထိုင်တဲ့အသက် 92 နှစ်အရွယ်အဘိုးအိုဟာ ယုံကြည်ကိုးကွယ်မှုကြောင့် နှစ်ပေါင်း 80 ဝန်းကျင်ခန့်လုံးဝကို ဆံပင်မညှပ်ခဲ့ပါဘူး ။

Nguyen Van Chein အမည်ရှိတဲ့အဘိုးအိုဟာ ဆံပင်ကို လုံးဝမညှပ် ၊ မဖြီး ၊ မလျှော်ဘဲ နှစ်ပေါင်း 80 ခန့်နေထိုင်ခဲ့တာပါ ။ ” ဆံပင်ညှပ်လိုက်ရင် ငါသေရမှာလို့ ယုံကြည်ထားတယ် ၊ ဘားတစ်ခုမှကို မပြောင်းလဲရဲပါဘူး ၊ ဆံပင်ကိုတောင် မဖြီးပါဘူး ၊ ခေါင်းစည်းပုဝါလေးနဲ့အုပ်ထားပြီး ဆံပင်တွေကိုခြောက်ပြီး သန့်ရှင်းအောင်တော့ ဂရုစိုက်ပါတယ် ” ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါတယ် ။

‘ ကျွန်တော်ဆံပင် မဲနက်နေတဲ့အချိန်ကို သတိရသေးတယ် ၊ ထူပြီး ဆံပင်တအားသန်တယ် ၊ ဆံပင်ကိုဖြီးခဲ့တယ် ၊ မရှုပ်အောင်လည်း အမြဲရှင်းနေခဲ့တာ ၊ ဒါပေမဲ့ ဘုရားကခေါ်နေတာကိုအာရုံခံမိပြီး ကြားလိုက်မိတဲ့နောက်မှာတော့ ငါအရွေးခံလိုက်ရပြီးဆိုတာကို ချက်ချင်းသိခဲ့တယ် ၊ ကျွန်တော်ဆံပင်ကိုထိကြည့်လိုက်တယ် ပြီးတော့ တစ်ညတည်းမှာပဲ ဆံပင်ကလုံးဝကိုမာကျောသွားတာ ၊ ဒီအတိုင်း သူ့ဟာသူဖြစ်သွားတာပါ ‘ ဆိုပြီး အဘိုးအိုက သူ့ရဲ့ဘဝဇာတ်ကြောင်းကို ရှင်းပြခဲ့ပါတယ် ။

 

အဘိုးအိုဟာ Coconet Religion ဘာသာကိုယုံကြည်ကိုးကွယ်သူဖြစ်ပြီး ၊ အဆိုပါဘာသာကို Nguyen Thanh Nam အမည်ရှိတဲ့ ဗီယက်နမ်ရဲ့ပညာသင်ဆုရရှိခဲ့တဲ့ကျောင်းသားက 1963 ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ ယုံကြည်ကိုးကွယ်သူပေါင်း 3,500 ကျော်ထိရှိခဲ့ပြီး 1975 ခုနှစ်မှာတော့ အဆိုပါအဖွဲ့ဟာ ပြန်လည်ပြိုကွဲသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*