Wifi Free ရဖို့ စားသောက်ဆိုင်ရှေ့မှာထိုင်ပြီး အိမ်စာလုပ်နေခဲ့ရတဲ့ ကလေးငယ်တွေရဲ့အဖြစ်

ယခုလိုကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ကျောင်းသားအချို့က နေအိမ်မှာအေးဆေးစွာ စာသင်ကြားခွင့်ရနေပေမဲ့လည်း အချို့မှာတော့ ငွေရေးကြေးရေးမတတ်နိုင်လို့ အဆင်မပြေကြတဲ့ကျောင်းသားလေးတွေလည်းရှိပါတယ် ။ ဒီတစ်ခေါက် Instagram ပေါ်မှာ အတော်လေးပျံ့နှံ့နေတဲ့ ဓာတ်ပုံတစ်ပုံမှာလည်း ကလေးမလေးနှစ်ယောက်ဟာ Taco Bell စားသောက်ဆိုင်ရှေ့ရှိ မြေပြင်ပေါ်မှာ စောင့်ကြောင့်လေးထိုင်နေခဲ့တာပါ ။

အကြောင်းကတော့ စားသောက်ဆိုင်ကနေ wifi free အသုံးပြုလို့ရအောင်နှင့် အိမ်စာတွေအကုန်ပြီးအောင်လုပ်နိုင်ဖို့ပါပဲ ။ ကယ်လီဖိုးနီးယားပြည်နယ် ၊ Salinas မြို့က ကျောင်းလေးမှာပညာသင်ကြားနေတဲ့ ကျောင်းသူနှစ်ယောက်လေးရဲ့အဖြစ်ကို @ms-mamie89 အမည်နဲ့ instagram အသုံးပြုသူက တွေ့ရှိသွားခဲ့ပြီး အဆိုပါအဖြစ်အပျက်လေးကို ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။

အဆိုပါ post ဟာလူအများစုရဲ့ ရင်ကိုလှုပ်ကိုင်နိုင်ခဲ့ပြီး ပြန်လည်ဝေမျှသူတွေလည်း အများအပြားရှိခဲ့ပါတယ် ။ ရလဒ်အနေနဲ့ နောက်ဆုံးစာသင်ကျောင်းဖက်က ကလေးမလေးတွေအတွက် hotspot လွင့်ပေးခဲ့ပါတယ် ။ ပတ်ဝန်းကျင်အနီးအနားမှလူတွေကလည်း ကလေးငယ်တွေအတွက်စာလေ့လာလို့ရအောင် hotspots လွင့်ပေးဖို့ ကမ်းလှမ်းလာခဲ့ကြပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*