
လူတွေနဲ့ အနီးစပ်ဆုံးသတ္တဝါလေးတွေဖြစ်တဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေမှာလည်း ပါးစပ်ကထုတ်ဖော်ပြီး ခံစားချက်တွေမပြောပြနိုင်ပေမယ့် သူတို့အမူရာလေးတွေနဲ့တော့ သိနိုင်တယ်။ အတူတူနေတဲ့လူနဲ့ပဲဖြစ်ဖြစ် ၊ တိရစ္ဆာန်အချင်းချင်းပဲဖြစ်ဖြစ် သံယောဇဉ်တွယ်သွားကြတဲ့အခါ အဲ့ဒီသူကို ရုတ်တရက်ဆုံးရှုံးလိုက်ရရင် သူတို့လေးတွေလည်း အသည်းကွဲတတ်ပါတယ်။
လတ်တလောက တရုတ်မီဒီယာမှာ နာမည်ကြီးသွားတဲ့ ဗီဒီယိုတစ်ခုထဲမှာ အသက်မရှိတော့တဲ့သူငယ်ချင်းကို အန္တရာယ်ကင်းတဲ့နေရာဆီ ဆွဲခေါ်နေတဲ့ ကြောင်လေးတစ်ကောင်ရဲ့အပြုအမူဟာ ကြည့်ရှုသူများကို စိတ်မကောင်းဖြစ်စေခဲ့တယ်။
ဖြစ်စဉ်ကတော့ ဇူလိုင် ၂ရက်နေ့ တရုတ်နိုင်ငံ Harbin,Heilongjiang မြို့ လမ်းမတစ်ခုပေါ်ကစီစီတီဗီ ကင်မရာမှာ ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။ ကြောင်လေး ဘယ်လိုသေဆုံးသွားလဲဆိုတာသေချာတော့ မသိရပေမယ့် အဖြူနဲ့ ရွှေရောင်စပ် ကြောင်လေးကတော့ အသက်မရှိတော့တဲ့
သူငယ်ချင်းကို အတင်းဆွဲခေါ်ပြီး နေရာရွေ့နေတာတွေ့ရပါတယ်။ တိရစ္ဆာန်မှာလည်း တစ်ကောင်ကသေသွားရင် စိတ်မကောင်းဖြစ်ရတဲ့ခံစားချက်မျိုး သူတို့လေးတွေမှာလည်းရှိပါတယ်။သေသွားတောင် ဒီတိုင်းတော့ မပစ်သွားဘူး။ ရအောင် ဆွဲခေါ်သွားပါသေးတယ်။ သူငယ်ချင်းကောင်းလို့ခေါ်ရမလား ..
Leave a Reply