ကလေးကပြန်မလိုက်ချင်လို့ငိုယိုပြီး ဆရာမအနောက်မှာပုန်းနေတာကို အမေဖြစ်သူတုံ့ပြန်ခဲ့ပုံက…

မွေးဖွားခဲ့တဲ့မိဘတွေပြီးရင် ဒုတိယမိဘဆိုတာ ကျောင်းကဆရာ၊ဆရာမတွေပါ။ကလေးတွေက ဆရာ၊ဆရာမတွေနဲ့အနီးစပ်ဆုံးထိတွေ့ကာ ပညာသင်ကြားရပါတယ်။အခုလတ်တလောမှာဆိုရင်လည်း ကျောင်းဆရာမတစ်ယောက်က ကလေးတွေရဲ့ဒုတိယမိဘဆိုတာ ဆရာ၊ဆရာမတွေဖြစ်ကြောင်းသက်သေပြခဲ့တဲ့သတင်းတစ်ပုဒ်ရှိနေပါတယ်။ဖိလစ်ပိုင်နိုင်ငံက Panadtaran ဆိုတဲ့မူလတန်းကျောင်းမှာဖြစ်ပွားခဲ့တာပါ။

အဖြစ်အပျက်ကတော့…မူလတန်းကျောင်းမှာစာသင်နေတဲ့ကလေးမလေးက အမေဖြစ်သူလာခေါ်တာကိုမလိုက်ပဲ ဆရာမနောက်မှာပုန်းနေခဲ့ရာကနေ စခဲ့တာပါ။ကလေးမလေးဟာ သူမရဲ့အမေနောက်ကိုပြန်လိုက်သွားဖို့ ငြင်းဆန်နေခဲ့ပြီး ဆရာမနောက်မှာသွားပုန်းနေခဲ့လို့ မိခင်ဖြစ်သူကစိတ်ဆိုးဒေါသထွက်ကာ ဆရာမကို ကလေးပြန်ပေးဆွဲမှုနဲ့ ရဲတိုင်ခဲ့ပါတယ်တဲ့။

့ရဲတွေရဲ့စုံစမ်းချက်အရတော့ ကလေးရဲ့အဖေက ကျောင်းပြောင်းရွေ့ပို့ခဲ့တာဖြစ်ပြီး အမေကတော့ စိတ်ဆိုးဒေါသထွက်ကာ ကလေးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကလေးကိုပြန်ခေါ်ပြီးအရင်ကျောင်းမှာပြန်ထားဖို့လုပ်ခဲ့ပေမဲ့ ကလေးကတော့ သူမရဲ့အမေကိုကြောက်လန့်နေပုံရပါတယ်။အဲ့ဒါကြောင့် သူမအမေနဲ့ပြန်လိုက်သွားရမယ့်အစား ငိုယိုကာ ဆရာမကိုပဲတင်းတင်းကျပ်ကျပ်ဖက်ထားခဲ့တာကို ဗီဒီယိုထဲမှာမြင်တွေ့ရပါတယ်။
ကလေးကိုပြန်ခေါ်လို့မရတဲ့အတွက် မိခင်ဖြစ်သူက ဆရာမကိုလည်းအော်ဟစ်ပြောဆိုခဲ့ပြီး ကလေးပြန်ပေးဆွဲမှုနဲ့ရဲတွေကိုတိုင်ကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့သူ Kween ဆိုသူအမျိုးသမီးက ဗီဒီယိုရိုက်ကူးခဲ့ပြီး အမေဖြစ်သူရဲ့အပြုအမူကို ရှုတ်ချခဲ့ပါတယ်။ပြီးတော့ ကလေးပြန်ပေးဆွဲတယ်လို့တိုင်ကြားခဲ့တဲ့မိခင်က ထိုကျောင်းဆရာမရဲ့တူမလည်းဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဆရာမက ကလေးကိုစာသင်ကြားပေးသလို မကြာခဏလည်းနေ့လည်စာဝယ်ကျွေးလေ့ရှိပါတယ်တဲ့။ဒါပေမဲ့ ကလေးရဲ့အမေကတော့ ဆရာမကိုတောင် တိုင်ကြားဖို့ကြိုးစားခဲ့ပြီးဆရာမအလုပ်ကနေပြုတ်အောင်လုပ်နေခဲ့ပါတယ်။Kween တင်ထားတဲ့ဗီဒီယိုကိုကြည့်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေက ကျောင်းဆရာမဘက်ကသာရပ်တည်ပြီးထိုကလေးမိခင်ကို ဝေဖန်ရှုတ်ချမှုတွေလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*