ကီလိုမီတာ ၃၀၀နီးပါးခရီးကို ခြေကျင်လျှောက်သွားနေခဲ့တဲ့အမေအိုကြီးရဲ့ အကြောင်းရင်းအမှန်က…

မိဘတွေအတွက်အရေးအကြီးဆုံးက သားသမီးတွေပါ။သားသမီးပျောက်သွားတဲ့မိဘတွေရဲ့ရင်ထဲမှာ အမြဲတမ်းငိုနေမယ်ဆိုတာလည်း အလောင်းအစားလုပ်စရာမလိုတဲ့ကိစ္စတစ်ခုပါ။Rachfeed မီဒီယာရဲ့ဖော်ပြချက်အရ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့အဘွားတစ်ယောက်က သူမရဲ့ပျောက်ဆုံးနေတဲ့ကလေးကိုရှာဖို့ကီလိုမီတာ ၃၀၀ ခန့်ခရီးကို လမ်းတကာလျှောက်သွားပြီးလိုက်ရှာနေတယ်လို့သိရပါတယ်။

ဒီခရီးက လူငယ်တွေ ခြေကျင်လျှောက်ဖို့တောင်မစဉ်းစားပါဘူး။ဒါပေမဲ့အမေအိုကြီးကတော့ လျှောက်ခဲ့ပါတယ်။ထိုအမေအိုကြီးက သူမရဲ့ခွေးလေးကိုခေါ်ဆောင်ပြီးလမ်းတကာလျှောက်သွားပြီးလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။ခွေးလေးကို ချစ်စရာအကျီလေးဝတ်ပေးထားပြီးအမေအိုကလည်းအကျီတွေအထပ်ထပ်ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ပူအိုက်နေတဲ့ရာသီဥတုကြီးမှာ ပစ္စည်းပစ္စယအစုံအလင်၊အကျီတွေအများကြီးဝတ်ဆင်ထားပြီးလမ်းတကာလျှောက်သွားနေတဲ့အမေအိုကြီးကိုတွေ့တဲ့သူတွေက စိတ်မနှံ့သူတစ်ယောက်လို့ယူဆထားကြပါတယ်။


ဒါပေမဲ့ ထိုအမေအိုကြီးက သူမရဲ့ပျောက်ဆုံးသွားတဲ့ကလေးကိုရှာနေတဲ့အကြောင်းကို Sheena Cordova Buquiran ဆိုသူအမျိုးသမီးက ပြန်ပြီးမျှဝေပြောပြခဲ့တာဖြစ်ပါတယ်။Sheena ဟာ ကားမောင်းနေရင်း ထိုအမေအိုကြီးကိုတွေ့တော့ တစ်ခြားသူတွေလိုပဲ စိတ်မနံှ့သူလို့ထင်ခဲ့တာပါ။နောက်တစ်နေ့မှာလည်း ထိုအမေအိုကြီးကိုမြင်တွေ့ခဲ့တဲ့နေရာကနေ ၁၀ကီလိုမီတာလောက်အကွာအဝေးမှာ သူမရဲ့ခွေးလေးနဲ့အတူထပ်ပြီးမြင်တွေ့ခဲ့ရပါတယ်တဲ့။


အဲ့ဒါနဲ့ သူမဟာ အိမ်ရောက်တော့ သူမရဲ့အဖေကိုပြောပြခဲ့ပြီး သူမနေထိုင်တဲ့အိမ်နားကိုတောင် ရောက်ရင်ရောက်လာမလားမသိဘူးဆိုပြီးရယ်စရာပြောခဲ့ပါသေးတယ်။တကယ်လည်း နောက်ထပ် ရက်အနည်းငယ်အကြာမှာ ထိုအမေအိုကြီးကို သူမနေထိုင်တဲ့ Tanjay မြို့မှာတေ့ွခဲ့ပါတယ်။သူမတို့မိသားစုကလည်း ထိုအမေအိုကြီးက စိတ်မနှံ့သူမဟုတ်ဘူးဆိုတာသိခဲ့ပြီး ပျောက်ဆုံးသွားတဲ့ကလေးကိုလိုက်ရှာနေတာဖြစ်ကြောင်းသိခဲ့ရပါတယ်။

Sheena က အဲ့ဒီအကြောင်းကိုအွန်လိုင်းမှာတင်ခဲ့တာပါ။ကောမန့်တွေအရ အမေအိုကြီးကိုစတွေ့တဲ့နေရာကနေ Sheena တွေ့တဲ့အချိန်ထိပြန်တွက်ကြည့်တဲ့အခါမှာကီလိုမီတာ ၃၀၀ နီးပါးရှိနေပါပြီ။နောက်ထပ်ဘယ်လောက်ထိရှည်တဲ့ခရီးကိုလျေျာက်ရဦးမလဲမသိသေးပါဘူး။တစ်ခြားသူတွေကလည်း ထိုအမေအိုကြီး ကလေးကိုမြန်မြန်ရှာတွေ့ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*