ကူကယ်ရာမဲ့ခဲ့တဲ့ သနားစရာအကောင်းဆုံးလမ်းဘေးကြောင်လေးရဲ့ နောက်ဆုံးအဆုံးသတ်

Mister Willis လို့အမည်မှည့်ခေါ်ထားတဲ့ကြောင်လေးရဲ့ ဘဝဇာတ်ကြောင်းဟာ အတော်လေးသနားဖွယ်ကောင်းလွန်းလှပါတယ် ။ ကြောင်လေးရဲ့မျက်နှာအနေအထားကိုကြည့်ရုံနဲ့ လမ်းဘေးကြောင်တစ်ကောင်ရဲ့ရုန်ကန်ခဲ့ရတဲ့ဘဝအခြေအနေကို သတိပြုမိမှာပါ ။

နှစ်အတော်ကြာမှ ကြောင်လေးဟာ Sandra အမည်ရှိတဲ့ပိုင်ရှင်နဲ့ဆုံစည်းခွင့်ရခဲ့ပြီး ၊ Sandra ကလည်း ကြောင်လေးကိုအိမ်ခေါ်ပြန်နိုင်ဖို့ အတော်လေးကြိုးစားခဲ့ရတာပါ ။ အသက် 6နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကြောင်လေး Mister Willis ဟာ ကျန်းမာရေးအခြေအနေဆိုးရွားနေခဲ့ပြီး ကံဆိုးလွန်းတဲ့ကြောင်တစ်ကောင်ဖြစ်နေခဲ့ပေမဲ့လည်း

တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာရှိနေတဲ့အခြားသောကြောင်လေးတွေကိုတော့ အတော်လေးခင်မင် ၊ ကြင်နာတတ်သူလေးပါ ။ သို့ပေမဲ့လည်း အချိန်အတော်ကြာမွေးစားမဲ့ ပိုင်ရှင်မရှိတဲ့ကြောင်လေးဖြစ်ခဲ့ရပါတယ် ။

Sandra ကလည်း International Cat Day နေ့မှ ဝေမျှထားတဲ့ ကြောင်လေး Mister Willis ရဲ့အကြောင်းကိုဖတ်မိပြီး ကြောင်လေးကိုသနားစိတ်ဖြစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့အိမ်ပိုင်ရှင်က အိမ်မွေးတိရစ္ဆာန်တွေကိုမွေးခွင့်မပေးတဲ့အတွက် ကြောင်လေးကို Sandra က ဂေဟာသို့သွားပြီး အစားကျွေးကာတွေ့ခဲ့ရပါတယ် ။

တစ်လအကြာမှတော့ Sandra ဟာ သူမရဲ့အိမ်ပိုင်ရှင်ကိုဖျောင်းဖျနိုင်းခဲ့ပြီးနောက် ကြောင်လေးကိုအိမ်ခေါ်ပြန်ခွင့်ရရှိသွားခဲ့ပါတယ် ။

တစ်နှစ်အကြာမှာတော့ ကြောင်လေးရဲ့ပုံပန်းသွင်ပြင်ဟာ မယုံနိုင်လောက်အောင်ပြောင်းလဲသွားခဲ့ပြီး ၊ သနားစရာအကောင်းဆုံကြောင်လေးဘဝကနေ အပျော်ဆုံးကြောင်လေးရဲ့ဘဝကို ရရှိပိုင်ဆိုင်သွားခဲ့ပါပြီ ။ လက်ရှိမှာလည်း ကြောင်လေး Mister Willis ဟာ Instagram မှာ Follower ပေါင်း 94.4k ခန့်ပိုင်ဆိုင်ထားနိုင်သူလည်း ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*