လေယာဉ်လတ်မှတ်ဝယ်ဖို့တောင်ပိုက်ဆံမရှိဖြစ်နေခဲ့သူက ညတွင်းချင်း မီလီယံနာသူဋ္ဌေးဖြစ်သွားခဲ့

ကံဆိုတဲ့အရာက မယုံလို့မရပါဘူး ။ တစ်ခါတစ်လေ စားစရာမရှိလောက်အောင်ပင်ပန်းဆင်ရဲနေပေမဲ့ ကံကောင်းပြီးထီထပေါက်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Sport Toto Jackpot ထီဆုကို အသက် 46 နှစ်အရွယ် လယ်သမားအမျိုးသားကြီးကဆွတ်ခူးနိုင်ခဲ့တာပါ ။

ကံကောင်းစွာနဲ့ ဆုကြေးငွေ RM 19.88 မီလီယံကို ဆွတ်ခူးနိုင်ခဲ့တာပါ ။ အဆိုပါအနိုင်ရရှိခဲ့တဲ့ ဂဏန်းနံပတ်တွေကိုတော့ အိမ်နားချင်းတွေရဲ့ကားနံပတ်တွေကနေ ရွေးချယ်ကောက်ယူခဲ့တာဖြစ်ပါတယ် ။ ” ကားအတော်များများရဲ့ ကားနံပါတ်တွေက အမြဲတွေ့နေကျ နံပါတ်တွေဖြစ်နေလို့ ၊ ဒါထီပေါက်ဖို့အတွက် အတိတ်နမိတ် အရိပ်အမြွက်ပေးတာဆိုပြီး ထင်ခဲ့တာပါပဲ ” ဆိုပြီး ကံထူးရှင်ကရှင်းပြသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်းအဆိုပါအမျိုးသားဟာ ဆုကြေးငွေထုတ်ယူဖို့ လမ်းခရီးအတွက် လေယာဉ်လက်မှတ်ဖိုးတောင်မရှိကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် လိုအပ်နေတဲ့လမ်းစရိတ်အတွက် အချိန်ပိုအလုပ်လုပ်ရအုံးမှာပါ ။ ထို့အပြင် ထီဆုကြီးပေါက်တာကို မိသားစုဝင်တွေထံလျှို့ဝှက်ထားပြီး ၊ ဆွေးမျိုးတွေဆီကနေ ပိုက်ဆံချေးငှါးဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ငွေဆိုတဲ့အရာက မိသားစုဝင်တွေကို စိမ်ဝမ်းကွဲစေလို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*