တိုက်ကားအဟောင်းတစ်စီးဝယ်ပြီး တကယ့်အိမ်သုံးကားလိုစီးလို့ရအောင် တီထွင်ခဲ့တဲ့အမျိုးသား

Covid-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ လူတွေဟာနေအိမ်အတွင်းမှာသာအနေများကြလို့ အချိန်ပိုတွေပေါများနေကြတာပါ ။ ဒီလိုအချိန်တွေမှာ လူတွေဟာ စမ်းသပ်တီထွင်မှုအသစ်တွေပြုလုပ်ပြီး အချိန်ကုန်ဆုံးနေကြတာပါ ။

ဒီတစ်ခေါက်မှာလည်း အမေရိကန်နိုင်ငံ Portland မြို့မှာနေထိုင်နေလျက်ရှိတဲ့ Chris Acock အမည်ရှိတဲ့ အင်ဂျင်နီယာတစ်ဦးဟာ သူ့ရဲ့တီထွင်မှုတစ်ခုကြောင့် social media ပေါ်မှာရေပန်းစားနေရုံသာမက ၊ အိမ်နီးချင်းတွေရဲ့ လေးစားအားကျမှုတွေကိုပါ ခံယူခဲ့ရပါတယ် ။ အကြောင်းကတော့ Chris ဟာ အသုံးမလိုတော့လို့ ဟောင်းနေပြီဖြစ်တဲ့ တိုက်ကားတစ်စီးကိုဝယ်ယူပြီး တကယ့်ကားလမ်းပေါ်မှာ မောင်းလို့ရတဲ့အိမ်စီးကားအနေနဲ့ပြု ပြင်ခဲ့လို့ပါပဲ ။

Chris ဟာ အဆိုပါတိုက်ကားကို $39 ဖြင့် eBay မှာ ဝယ်ယူခဲ့တာပါ ။ ဇနီးဖြစ်သူ Zarea Lea ကိုအဆိုပါစိတ်ကူးပြောပြခဲ့ချိန်မှာတော့ ဇနီးဖြစ်သူကချက်ချင်းကိုထောက်ခံအားပေးခဲ့ပါတယ် ။ အဆိုပါကားဟာ 1နာရီကို 8မိုင်ခန့်မောင်းနှင်နိုင်ကြောင်း နှင့် ဒေသခံလူတွေအတော်လေးကိုကြိုက်နှစ်သက်ရတဲ့ ကားလေးလည်းဖြစ်နေခဲ့ပါတော့တယ် ။

” လူတွေ ပထမဆုံးမြင်လိုက်တော့ ၊ သူတို့တွေ အံ့သြသွားတယ် ဘာလို့ဆို သူတို့မယုံကြည်နိုင်လို့ပါပဲ ၊ သူတို့တွေ ပုတင်းပေါက်ဖွင့်ပြီး ဓာတ်ပုံတွေရိုက်ကြပြီးတော့ မိုက်လိုက်တာ လို့လည်းပြောခဲ့ကြပါသေးတယ်” ဆိုပြီး Zarra ကပြောပြခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*