ကမ္ဘာ့လက်သည်းအရှည်လျားဆုံးအဖိုးအိုရဲ့ခက်ခက်ခဲခဲချခဲ့တဲ့ဆုံးဖြတ်ချက်

တစ်ချို့ကတော့သိပြီးသားဖြစ်နိုင်ပင်မဲ့ မသိတဲ့သူတွေလည်းရှိနိုင်အုံးမယ်ထင်လို့ ဒီအဖိုးအိုအကြောင်းအရင်ဆုံးပြောပြပေးလိုက်ပါတယ်။ Shridhar Chillal လို့အမည်တွင်တဲ့အသက် ၈၂ နှစ်အရွယ်အဖိုးအိုဟာကမ္ဘာ့စံချိန်တင်လက်သည်းအရှည်ဆုံးအမျိုးသားတစ်ဦးပါ။

အစိုးရ ဓာတ်ပုံဆရာအလုပ်ကိုလုပ်ကိုင်တဲ့ အိန္ဒိယလူမျိုးတစ်ဦးဖြစ်ပြီး သူ့ရဲ့ လက်နှစ်ဖက်ကလက်သည်းရှည်နေတာမျိုးမဟုတ်ပဲ တစ်ဖက်တည်းရဲ့လက်သည်းတွေဟာ ထူးခြားစွာပုံပါအတိုင်း ရှည်လျားနေတာဖြစ်ပါတယ်။လက်သည်းတွေရဲ့အရှည်ဟာစုစုပေါင်း ၉၀၉.၆ စင်တီမီတာ(ပေ၃၀ ) လောက်ရှိပြီး လက်သည်းတွေအားလုံးထဲကမှ လက်သန်းရဲ့လက်သည်းအရှည်ဟာ ၁၉၇.၈စင်တီမီတာအရှည်ရှိတယ်လို့သိရပါတယ်။

ဒီအဖိုးအိုဟာ သူ့ရဲ့လက်သည်းရှည်ရှည်ကြီးတွေနဲ့အချိန်ကြာကြာနေခဲ့ပြီး အချိန်ကာလ၆၆ နှစ်အကြာမှာတော့အခုလို သူ့လက်သည်းအရှည်ကြီးတွေကို ဖြတ်တောက်ဖို့ဆုံးဖြတ်ချက်ခဲ့ပါတယ်။ သူ့အနေနဲ့ဒီလိုဆုံးဖြတ်ချက်ချရတာအင်မတန်ခက်ခဲပါတယ် ၊ဒီလိုလက်သည်းအရှည်ကြီးတွေနဲ့နေလာတဲ့ကာလဟာ အရမ်းကြာတာကြောင့်ဒါတွေမရှိရင်နေရခက်မှာတော့ အသေချာပါပဲ လို့ပြောပြခဲ့ပါတယ်။

အခုလိုဖြတ်တောက်ဖို့ဆုံးဖြတ်လိုက်တာဟာ နောက်ပိုင်းဒီထက်ပိုအိုလာရင် ဒီလက်သည်းတွေကြောင့်နေရာတကာမှာ ပြဿနာဖြစ်နိုင်ပြီး ကျန်းမာရေးထိခိုက်မှုတွေရှိလာမှာစိုးရိမ်တာကြောင့်အခုလို ဆုံးဖြတ်ချက်ခက်ခက်ခဲခဲချပြီးဖြတ်တောက်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*