ကျောင်းသူလေးရဲ့တောင်းပန်စာကြောင့် ဆရာတစ်ယောက် မျက်ရည်မခိုင်ဖြစ်ရလေတယ်

ဖိလစ်ပိုင်မှာ စားဝတ်နေရေးအခြေအနေကြောင့် ထောင်ပေါင်းများစွာသော ကလေးတွေ ကျောင်းမှာ စာမသင်နိုင်ကြပါဘူး။ အခမဲ့ပညာသင်ကြားပေးနေတဲ့ ကျောင်းတွေရှိတာတောင် မိဘတွေဟာယူနီဖောင်းဖိုး ၊ ဖိနပ်ဖိုးနဲ့ လိုအပ်တဲ့စာရွက်စာတမ်းကြေးတွေမတတ်နိုင်ကြောင့် ကလေးတွေကိုကျောင်းမထားပေးနိုင်ဘူး။

Nueva Ecija ဟာ ဖိလစ်ပိုင်မှာ ဆင်းရဲမွဲတေမှုအမြင့်ဆုံးဒေသဖြစ်နေပါတယ်။ ၂ဝ၁၅တုန်းက စစ်တမ်းကောက်ကြည့်တော့ ထိုဒေသမှာ အထက်တန်းကျောင်းနဲ့တင်ရပ်နေတဲ့ လူငယ်တွေများပါတယ်။ ကောလိပ်နဲ့ အခြားအပြင်ကျောင်းတွေ ဆက်မတက်နိုင်ကြတော့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့က Christian Jay ဆိုတဲ့ ကျောင်းဆရာဟာ သူ့ဆီကိုရောက်လာတဲ့ကျောင်းသူလေးတစ်ယောက်ရဲ့ တောင်းပန်စာကိုကြည့်ပြီး စိတ်မကောင်းစွာနဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တယ်။

ထိုကျောင်းသူလေးဟာ သူစာသင်ချိန်တိုင်း အတန်းထဲမှာမရှိဘူး။ ကျောင်းပျက်ရက်တွေလည်းအရမ်းများတယ်လို့ သိရပါတယ်။ တစ်နေ့မှာ နေ့လည်စာစားပြီး အခန်းထဲနားနေချိန် စားပွဲပေါ်မှာ စာလေးတစ်စောင်တွေ့ရတယ်။
စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ဖေ့စ်ဘွတ်ပေါ်တင်လိုက်တော့ မိနစ်ပိုင်းအတွင်း share ပေါင်းရာကျော်သွားတယ်။ ထမင်းဘူးမရှိလို့ ကျောင်းမလာနိုင်ဘူး။ ကျောင်းလာရင် သူများတွေလို ထမင်းဘူးမရှိတဲ့အတွက် မျက်နှာငယ်နေရကြောင်းသိလိုက်ရတယ်။ ဒီစာလေး အင်တာနက်မှာနာမည်ကြီးသွားတော့ ထိုမိန်းကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းကြတယ်။

လိုအပ်တဲ့ပစ္စည်းတွေ ပြည့်စုံပြီဆိုရင် သူမ စာကောင်းကောင်းသင်နိုင်ပြီထင်ပါတယ်။ ကျောင်းပျက်မိတဲ့အတွက် ဆရာကိုတောင်းပန်စရာလည်းမလိုတော့ဘူး။ ဆရာရော ကျောင်းသူလေးကပါ လှူဒါန်းမှုများအတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ၊ အခုဆို သူမကျောင်းကို နေ့စဉ်မပျက်လာနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အနှောင့်ယှက် ကင်းကင်းနဲ့ စာကောင်းကောင်းသင်နိုင်ပါစေ… ကျောင်းသူလေးရေ

Be the first to comment

Leave a Reply

Your email address will not be published.


*