ကိုယ်အလေးချိန်မလျော့ချနိုင်တဲ့ ရဲဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရတော့မည်

အိန္ဒိယနိုင်ငံ ကာနာတကာပြည်နယ်တွင် ရဲဝန်ထမ်းများအနေနဲ့ ကိုယ်အလေးချိန်မလျော့ပါက အလုပ်က ထုတ်ပယ်ခံရမှာဖြစ်တယ်လို့ ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ကာနာတကာပြည်နယ် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိချုပ်က အဝလွန်ရဲဝန်ထမ်း အရေအတွက် များပြားလာမှာကို သူ့အနေနဲ့ စိတ်ပူ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း အဝလွန်ခြင်းနဲ့ ပတ်သက်ပြီး ရဲအရာရှိ ၁၀၀ ကျော် သေဆုံးခဲ့ရတာကြောင့်အခုလို ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ ရဲအရာရှိချုပ် ဘာစကာရာအိုကပြောပါတယ်။

လက်ရှိမှာတော့ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေ အများစုဟာ အဝလွန်ခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်လို့ ခုလို ဆုံးဖြတ်လိုက်တာခြင်းဖြစ်ပြီး တခြားရည်ရွှယ်ချက်မပါဘူးလို့သိရပါတယ်။ အဝလွန်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် ထိရောက်တဲ့ စွမ်းဆောင်ရည် မရရှိတာမျိုးတွေလည်း ရှိလာတဲ့အတွက် အကြီးတန်းအရာရှိတွေအနေနဲ့ အဝလွန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို နာမည်တပ်ဖော်ပြပြီး နေ့စဉ်လေ့ကျင့်ခန်း လုပ်ဆောင်စေကာ ဝိတ်ကျအောင်လုပ်ဖို့ ညွှန်ကြားသွားမယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်အရ အိန္ဒိယရဲအရာရှိတွေအနေနဲ့ သူတို့ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့ အထောက်အကူပြုနိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကာနာတကာပြည်နယ် အထူးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေကို ရေကူးတာတွေ၊ ယောဂကျင့်တာတွေနဲ့ တခြားအားကစားလေ့ကျင့်ခန်းတွေ စီစဉ်ပေးပြီး လေ့ကျင့်မှုတွေ ပြုလုပ်စေနေပြီလို့သိရပါတယ်။သူတို့ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှု ပုံစံတွေ ပြောင်းလဲစေတာ ဖြစ်ပါတယ်လို့ ရဲမျူးဘာစကာရာအိုက ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*