
ညဘက်ကြီး တစ်ရေးနိုးလို့ ကိုယ့်ဘေးနားအလောင်းကောင်ပုံစံ ခေါင်းအုံးကြီးရှိနေရင် လန့်မသွားဘူးလား လို့ လူတွေကမေးခွန်းထုတ်ကြပါတယ်။ ထိုင်းနိုင်ငံ အွန်လိုင်းစတိုး Mon Hia မှာ ထိုအလောင်းကောင် ခေါင်းအုံးတွေ စတင်ရောင်းချနေပြီး လာမယ့် ဟောလိုဝင်းအတွက် ထုတ်လုပ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။
ထိုခေါင်းအုံးကို အလောင်းကောင်နဲ့မှားကြလွန်းလို့ ထိုင်းနိုင်ငံမှာတော့ သူ့ရဲ့ထိတ်လန့်စရာ ဒီဇိုင်းက နာမည်ကြီးပဲ။ ထိုခေါင်းအုံးပုံစံကို မလေးရှားနဲ့ အင်ဒိုနီးရှားမှ စတင်ဒီဇိုင်းဖော်ခဲ့တာဖြစ်ပါတယ်။ တကယ်ကို သရဲနဲ့အမြင်မှားစေမယ့် ခေါင်းအုံးမျိုးပါ။
ပထမရက်မှာတင် လူအယောက်၂ဝလောက်ဝယ်ပြီး လူမှုကွန်ရက်ပေါ်ထိုခေါင်းအုံးနဲ့ ဓာတ်ပုံတွေရိုက်တင်ကြပါတယ်။ တဖြည်းဖြည်းနဲ့ ခေါင်းအုံးက နာမည်ကြီလာပြီး မလေးရှားနဲ့ အင်ဒိုနီးရှားမှာလည်း လူကြိုက်များလာကြောင်း အွန်လိုင်းစတိုး Mon Hia ပိုင်ရှင်နှစ်ဦးကပြောပါတယ်။
” ဘယ်သူမှ မလုပ်ဖူးသေးတဲ့အရာတွေထဲက ထူးခြားမယ့်အရာတစ်ခုကို အဆန်းထွင်ခဲ့တာပါ… လူတွေသဘောကျတဲ့အတွက် ဝမ်းသာပါတယ်” လို့ ပိုင်ရှင် Nattawud Supsumruam ကပြောထားပါတယ်။
ထိုခေါင်းအုံးဟာ ဖက်အိပ်ရုံတင်မကဘူး.. သူငယ်ချင်းတွေကို စနောက်ချင်ရင်လည်း အသုံးဝင်ပါတယ်။
Leave a Reply